DVB Logo
Home
မြန်မာသတင်း
ချင်းမိုင်တက္ကသိုလ်တွင် ကျင်းပသည့် TEDx Chiang Mai 2025 ‌ဟောပြောပွဲ (ဓာတ်ပုံ) 
DVB
·
November 16, 2025
ချင်းမိုင်တက္ကသိုလ်တွင် ကျင်းပသည့် TEDx Chiang Mai 2025 ‌ဟောပြောပွဲ (ဓာတ်ပုံ) 
1 / 17
Donate to DVB

အနာဂတ်အတွက် လုပ်ဆောင်ချက်များ “Action for Our Future”  ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပတဲ့ TEDx Chiang Mai 2025 ‌ဟောပြောပွဲကို ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ်က UNISERV စင်တာမှာ နိုဝင်ဘာ ၁၅ ရက်က ကျင်းပပါတယ်။

ဟောပြောပွဲရဲ့ အဓိက စီစဉ်သူ မာတင်ဗန်ဇ်ကီးက “ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းဖို့ ရေရှည်တည်တံ့ခိုင်မြဲမှုကို မြှင့်တင်ပေးဖိုနဲ့ ကြံ့ကြံ့ခံနိုင်မှုတွေကို တိုးတက်စေဖို့အတွက် ကျနော်တို့ ဘယ်လိုလုပ်ဆောင်ချက်တွေ လုပ်ဆောင်နိုင်မလဲဆိုတာကို လူတိုင်းစုစည်းပြီး လေ့လာသိရှိစေချင်ပါတယ်” လို့ ပြောပါတယ်။

စိတ်ကျန်းမာရေးပညာရှင် Jue Jue’s Safe Space ကို တည်ထောင်သူ ဂျူးဂျူးမင်းသူ ကလည်း မြန်မာလူထုအနေနဲ့ စိတ်ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုရရှိနိုင်ဖို့ သူ့ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို TEDx Chiang Mai မှာ ပါဝင်ဟောပြောခဲ့ပါတယ်။

ဂျူးဂျူးမင်းသူ က “ကျမ TED Talk မှာ ပါဝင်ရတဲ့ အကြောင်းရင်းကတော့ စိတ်ကျန်းမာရေးကို မြှင့်တင်ဖို့၊ ပြီးတော့ မြန်မာနဲ့ ကျမနေထိုင်ရာ ဟာဝိုင်ယီမှာ မြင်တွေ့နေရတဲ့ နေရပ်ရွှေ့ပြောင်းနေထိုင်ရမှုတွေနဲ့ ပတ်သက်ပြီး မြန်မာလူ့အဖွဲ့အစည်းမှာ ဘာတွေဖြစ်ပျက်နေလဲ ဆိုတာကို ပြောပြဖို့ပါ။ ဒါကြောင့် လူတွေအနေနဲ့ ကျမတို့ ခံစားနေရတဲ့ လူ့အဖွဲ့အစည်းတခုလုံး စိတ်ဒဏ်ရာရရှိမှု (community collective trauma) နဲ့ ဆက်စပ်နေတဲ့ နေရပ်ရွှေ့ပြောင်းနေထိုင်ရမှု ပြဿနာအပေါ် အာရုံစိုက်စေချင်ပါတယ်။ ဒီစိတ်ဒဏ်ရာရရှိမှုကြောင့် ကျမတို့ ပြန်လည် ကုစားဖို့အတွက် အချိန်၊ အရင်းအမြစ်တွေနဲ့ အစီအစဉ်တွေ လိုအပ်ပါတယ်။ ဒါ့အပြင်၊ ကျမတို့ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့များစွာလည်း လိုအပ်ပါတယ်” လို့ ဆိုပါတယ်။

TEDx Chiang Mai 2025 ‌ဟောပြောပွဲကို နိုဝင်ဘာ ၁၅ ရက်နဲ့ ၁၆ ရက် နှစ်ရက်ကြာ ကျင်းပတာဖြစ်ပြီး ပါဝင်ဟောပြောသူ ၁၅ ယောက် ပါဝင်မှာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013