DVB Logo
Home
နိုင်ငံတကာ
ကုန်ဈေးနှုန်းတက်မှုကြောင့် စားသောက်ကုန် ၂၀၀ ကျော် အခွန်တိုးကောက်မှုကို ထရမ့်ပ် ရုပ်သိမ်း 
DVB
·
November 15, 2025
ကုန်ဈေးနှုန်းတက်မှုကြောင့် စားသောက်ကုန် ၂၀၀ ကျော် အခွန်တိုးကောက်မှုကို ထရမ့်ပ် ရုပ်သိမ်း 
Donate to DVB

ကုန်ဈေးနှုန်းတက်လာမှုကြောင့် ကော်ဖီ၊ အမဲသားနဲ့ တခြားစားသောက်ကုန် အမျိုးအစား  ၂၀၀ ကျော်ကို အခွန်တိုးကောက်မှုကနေ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ်က ပြန်ပြီး ပယ်ဖျက်ခဲ့ပါတယ်။

နိုဝင်ဘာ ၁၃ ရက်ညမှာ စားသောက်ကုန်တွေကို အခွန်ကောက်ခံမှုကနေ ပယ်ဖျက်ဖို့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အမေရိကန်မှာ ကုန်ဈေးနှုန်းတက်မှု မရှိသလောက်ဖြစ်သွားပြီလို့ ထရမ့်ပ်က သောကြာနေ့ညနေက လေယာဉ်ပေါ်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ 

ဗာဂျီးနီးယား၊ နယူးဂျာစီ၊ နယူယောက်မြို့ ရွေးကောက်ပွဲတွေမှာ ဒီမိုကရက်တွေ အနိုင်ခဲ့တဲ့အဓိက အချက်က စားသောက်ကုန်တွေ ဈေးတက်မှုကို လူတွေက စိုးရိမ်လာကြတာဖြစ်ပါတယ်။ 

ဒါ့အပြင် အလယ်အလတ်ဝင်ငွေရှိသူတွေနဲ့ ဝင်ငွေနိမ့်တဲ့သူတွေကို ဒေါ်လာ ၂,၀၀၀ ပေးမယ့် အစီအစဉ်ကိုလည်း လာမယ့်နှစ်မှာ ပြုလုပ်မယ်လို့ ထရမ့်ပ်က ပြောပါတယ်။

ထရမ့်ပ်က “လူတွေကို ဒေါ်လာ ၂,၀၀၀ ခွဲဝေ ပေးမယ်ဆိုရင် အခွန်ငွေစုကြေး အမြတ်ကို ပေးမှာဖြစ်ပါတယ်။ ကျနော်တို့ ကြွေးမြီတွေ လျော့ချနေပြီး အခွန်ငွေ စုကြေးအမြတ်ပေးဖို့ လုပ်နေပါတယ်” လို့ ပြောပါတယ်။

ထရမ့်ပ်အစိုးရအဖွဲ့က ကြေညာခဲ့တဲ့ အခွန်ကောက်ခံမှုကနေ ပြန်ပယ်ဖျက်တဲ့ စားသောက်ကုန်တွေနဲ့ အာဂျင်တီးနား၊ အက်ကွေဒေါ၊ ဂွါတီမာလာ၊ အယ်ဆာဗေးဒိုးနိုင်ငံတို့က တင်သွင်းတဲ့ တင်ပို့ကုန်တွေကို ဒီနှစ်မကုန်မီ သဘောတူညီချက်ရအောင် ပြုလုပ်မှာဖြစ်ပါတယ်။ 

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013