DVB Logo
Home
မြန်မာသတင်း
ကျားဖြူပါတီ အမတ် ၁၂ ဦး ကျားခေါင်းပါတီသို့ ကူးပြောင်း
DVB
·
December 9, 2014
ကျားဖြူပါတီ အမတ် ၁၂ ဦး ကျားခေါင်းပါတီသို့ ကူးပြောင်း
1 / 2
Donate to DVB

ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီက လွှတ်တော် ကိုယ်စားလှယ် ၁၂ ဦးနဲ့ ပါတီဝင် ၅၀၀၀ ကျော်ဟာ ပါတီက နုတ်ထွက်ပြီး ကျားခေါင်း အမှတ်တံဆိပ်ပါ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကို ကူးပြောင်းဝင်ရောက်ခဲ့ကြပါ တယ်။

[caption id="attachment_73324" align="alignright" width="423"]SNLD မှ ရှမ်းပြည်နယ်အတွင်း လူထုတွေ့ဆုံပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ - Sai Myo Zin) SNLD မှ ရှမ်းပြည်နယ်အတွင်း လူထုတွေ့ဆုံပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ - Sai Myo Zin)[/caption]

ကျားခေါင်းပါတီခေါင်းဆောင်တွေရဲ့ နိုဝင်ဘာ ၃၀ ရက်ကစတင်တဲ့ ရှမ်းပြည်ခရီးစဉ်အတွင်း ကျားဖြူ ပါတီအမတ် ၉ ဦး ထပ်မံဝင်ရောက်လာတဲ့အတွက် ဒီနှစ်ဦးပိုင်းက ၀င်လာတဲ့ ၃ ဦးနဲ့ဆိုရင် အားလုံးအမတ် ၁၂ ဦး ရှိပြီး ပါတီဝင်တွေလည်း ထောင်ချီ ၀င်ရောက်လာ တယ်လို့ ကျားခေါင်းပါတီပြောခွင့်ရ ဦးစိုင်းလိတ်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ခရီးစဉ် ရည်ရွယ်ချက်က မိုင်းနောင်-၀မ့်ကျင်းနဲ့ တန့်ယန်းမှာ ပါတီဆိုင်း ဘုတ်လာတင်ဖို့ပါ။ စည်းရုံးရေးခရီးစဉ် မဟုတ်ပါဘူး။ ဒါပေမယ့် တခြားမြို့နယ်တွေမှာ လူထုတွေ့ဆုံပွဲ လုပ်ပါတယ်။ အဲဒီမှာ ပါတီ၊ မူဝါဒသဘောထား လမ်းစဉ်တွေပါ ပြောပြတယ်။ အခြားပါတီက လွှတ်တော်အမတ်တွေပါ လာပြီးလေ့လာကြတယ်။ စိတ်ဝင်စားတဲ့ လူတွေက ကျနော်တို့ဘက်ကို ပါတီပြောင်းလာတာ၊ တချို့က ပါတီဝင်အဖြစ် လျှောက်ထား လာပါတယ်ခင်ဗျ။ ထပ်ဝင်လာတဲ့ ပါတီဝင်တွေက ၂၈၀၀ ကျော်ပါတယ်။”

ဒီမတိုင်ခင်က မိုင်းတုံ၊ မိုင်းကိုင်၊ မိုင်းရှူး၊ မိုင်းခတ်၊ ကျေးးသီး၊ ကျောက်မဲက ကျားဖြူပါ တီဝင်တွေ နုတ်ထွက်ပြီး ကျားခေါင်းပါတီကို ၀င်ခဲ့တာ ၃ ထောင်ကျော် ရှိတဲ့အတွက် ဘက်ပြောင်း လာတဲ့ ပါတီဝင်ပေါင်း ၅ ထောင်ကျော် ရှိသွားပြီ ဖြစ်ပါတယ်။

အခုလို ကျားဖြူပါတီဝင်တွေ အမြောက်အများ ဘက်ပြောင်းသွားတာနဲ့ ပတ်သက်ပြီး ကျားဖြူပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးစိုင်းမောင်တင်ကတော့ အခုလို ပြောဆိုပါတယ်။

“အင်တာနက်သတင်းတွေမှာတော့ အဲလိုတွေ့ရပါတယ်ခင်ဗျ။ ဒါပေမယ့် လွှတ်တော် အမတ်ထဲမှာ တရားဝင်စာတင်တာတော့ နမ့်စမ် ကိုယ်စားလှယ် တစ်ဦးဘဲလို့ ကျနော်ကြား ပါတယ်။ အတိအကျကိုတော့ မသိရသေးပါဘူး။ ပြည်သူတွေ လိုလားတဲ့ ရှမ်း ၂ ပါတီ ပူးပေါင်းရေးကို ကျနော်တို့လည်း ဆောင်ရွက်နေဆဲပါ။ အခုထွက်သွားတဲ့ ပုဂ္ဂိုလ်တွေ ကိုတော့  စောသေးတယ်လို့ဘဲ ပြောချင်ပါတယ်။ လာမယ့်အပတ် ဒီဇင်ဘာလ ၁၉ ရက်ကနေ ၂၁ ရက်နေ့ထိ တောင်ကြီးမှာ ကျားဖြူဗဟိုကော်မတီဝင်များ အစည်းအဝေး ရှိတယ်ခင်ဗျ။ ဒီကိစ္စတွေကိုလည်း ထည့်သွင်းဆွေးနွေးမှာ ဖြစ်ပါတယ်။”

ပါတီပြောင်းလာတဲ့ ကျားဖြူပါတီဝင် ၁၂ ဦးမှာ မိုင်းတုံ၊ ကျောက်မဲ၊ မိုင်းရယ်၊ နမ့်စံ၊ လဲချား၊ မိုင်းကိုင်နဲ့ ကျေးသီးက ပြည်နယ်လွှတ်တော်အမတ် စုစုပေါင်း ၉ ဦး မိုင်းကိုင်၊ ကျေးသီးနဲ့ တန့်ယန်းက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၃ ဦးတို့ ဖြစ်ပါတယ်။

အခုလို ကျားဖြူပါတီဝင် အများအပြားနုတ်ထွက်ပြီး ကျားခေါင်းပါတီကို ၀င်ရောက်လာ ရတဲ့ အပေါ် ပြီးခဲ့တဲ့ မတ်လကမှ ပါတီကူးပြောင်းခဲ့တဲ့ မိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော်အမတ် စိုင်းဝင်းမြတ်ဦးက ခုလိုပြောပါတယ်။

“ကျနော်ကတော့ ၁၉၉၀ ရွေးကောက်ပွဲတုန်းက ကျားခေါင်းပါတီဝင်ဖြစ်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ကျားခေါင်းပါတီ ဖျက်သိမ်းထားတဲ့အတွက် ကျားဖြူထဲဝင်ခဲ့ကာ ခုမှ ကိုယ့်မူရင်း ပါတီကို ကိုယ်ပြန်လာတဲ့ သဘောပါ။ ရှမ်းပါတီ ၂ ခုပူးပေါင်းဖို့ ဖိအားပေး တဲ့အနေနဲ့ရော ကျားခေါင်းပါတီရဲ့ ၈ ယူနစ်မူဝါဒကို ထောက်ခံတဲ့အတွက် ၀င်လာတာ ဖြစ်ပါတယ်”လို့ပြောပါတယ်။

ဦးခွန်ထွန်းဦးခေါင်းဆောင်တဲ့ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ကျားခေါင်းပါတီဟာ ပါတီခေါင်းဆောင်တွေ ပြန်လွတ်လာပြီးနောက် ၂၀၁၂ ခုနှစ်မှာ ပါတီမှတ်ပုံပြန်တင်ပြီး ပါတီစည်းရုံးရေး လုပ်ငန်းတွေလုပ်ဆောင်နေတာပါ။

ပါတီအနေနဲ့ ရှမ်းတမျိုးသားလုံးအတွက် တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ပေါ် အခြေခံတဲ့ ၈ ပြည်ထောင် ၈ ယူနစ်စနစ်ကို တောင်းဆိုနေတာဖြစ်ပြီး လာမယ့် ၂၀၁၅ေ၇ွးကောက်ပွဲမှာ အနည်းဆုံးတော့ မြို့နယ် ၄၀ မှာ ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ ပါတီပြောရေးဆိုခွင့ှ်ရျှိသူ ဦးစိုင်းလိတ်က ဒီဗွီဘီကိုပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013