DVB Logo
Home
အားကစား
LPGA ဂေါက်သီးရိုက်ပြိုင်ပွဲ ပထမနေ့တွင် သမ္မတထရမ့်ပ်၏မြေး ကိုင်ထရမ့်ပ် ထိပ်ဆုံးမှဦးဆောင်
DVB
·
November 14, 2025
LPGA ဂေါက်သီးရိုက်ပြိုင်ပွဲ ပထမနေ့တွင် သမ္မတထရမ့်ပ်၏မြေး ကိုင်ထရမ့်ပ် ထိပ်ဆုံးမှဦးဆောင်
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ မြေးမလေး ကိုင်ထရမ့်ဟာ နိုဝင်ဘာ ၁၃ ရက်က LPGA ဂေါက်သီးရိုက်ပြိုင်ပွဲမှာ ပထမဆုံး ယှဉ်ပြိုင်ကစားခဲ့ပြီး အဲဒီနေ့အတွက် အမှတ်အများဆုံး ရခဲ့ပါတယ်။

ဖလော်ရီဒါပြည်နယ်မှာ ကျင်းပတဲ့ LPGA ဂေါက်သီးရိုက်ပြိုင်ပွဲမှာ အသက် ၁၈ နှစ်အရွယ် ကိုင်ထရမ့်ပ်ဟာ ပထမဆုံး ယှဉ်ပြိုင်တဲ့နေ့မှာ လက်စွမ်းပြနိုင်ခဲ့တာပါ။

ကိုင်ထရမ့်ပ်ဟာ ဒီနှစ်မှာ ဂေါက်သီးရိုက်ပြိုင်ပွဲ ၃ ပွဲ ယှဉ်ပြိုင်ခဲ့ဖူးပြီး အမေရိကန် အငယ်တန်း ဂေါက်သီးရိုက်အဖွဲ့ရဲ့ အဆင့်ရပ်တည်မှု အဆင့် ၄၆၁ နေရာမှာ ရပ်တည်နေပါတယ်။

ဒီပြိုင်ပွဲမှာ ကိုင်ထရမ့်ပ် ဝင်ရောက်ယှဉ်ပြိုင်တာက ဒီပြိုင်ပွဲကို လူငယ်ပရိသတ်တွေ စိတ်ဝင်စားမှု ပိုပြီးများနိုင်တယ်လို့ LPGA က ပြောပါတယ်။

ကိုင်ထရမ့်ပ်ဟာ ၂၀၂၅ အောက်တိုဘာ ၁၈ ရက်အထိ အချက်အလက်တွေအရ Youtube မှာ subscriber ၁ ဒသမ ၃ သန်းရှိပြီး TikTok မှာ follower ၃ ဒသမ ၄ သန်း ရှိကာ အင်စတာဂရမ်မှာ ၂ ဒသမ ၅ သန်းရှိတာ တွေ့ရပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ဆိုရှယ်မီဒီယာမှာ ကျော်ကြားမှုတွေပြီးရင် ထရမ့်ပ်မိသားစုမှာ လူစိတ်ဝင်စားမှုခံရမယ့် အလားအလာကောင်းတဲ့သူအဖြစ် ကိုင်ထရမ့်ပ်ကို ထင်ကြေးပေးထားကြပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013