DVB Logo
Home
မြန်မာသတင်း
ရုရှားစစ်ရေယာဉ် ၃ စင်း ရန်ကုန်ရောက်ရှိ၊ ကပ္ပလီပင်လယ်တွင်း  ပူးတွဲစစ်ရေးလေ့ကျင့်
DVB
·
November 14, 2025
ရုရှားစစ်ရေယာဉ် ၃ စင်း ရန်ကုန်ရောက်ရှိ၊ ကပ္ပလီပင်လယ်တွင်း  ပူးတွဲစစ်ရေးလေ့ကျင့်
1 / 3
Donate to DVB

ကပ္ပလီပင်လယ်တွင်း ၂ နိုင်ငံ ရေကြောင်းလုံခြုံရေးဆိုင်ရာ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ဖို့ ရုရှားရေတပ် စစ်ရေယာဉ် ၃ စင်းဟာ ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းကို ရောက်ရှိနေပါတယ်။

ရုရှားရေတပ် Pacific Fleet က ဖရီးဂိတ်စစ်ရေယာဉ် Marshal Shaposhnikov၊ ကော်ဗက်စစ်ရေယာဉ် Gremyashchiy နဲ့ ထောက်ပံ့ရေးစစ်ရေယာဉ် Boris Butoma တို့ဟာ တတိယအကြိမ်အဖြစ် မြန်မာ-ရုရှား နှစ်နိုင်ငံရေကြောင်းလုံခြုံရေးဆိုင်ရာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ဖို့နဲ့ ချစ်ကြည်ရေးခရီးအဖြစ် သီလဝါဆိပ်ကမ်းကို နိုဝင်ဘာ ၁၀ ရက်မှာ ရောက်ရှိလာခဲ့တာပါ။

မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံး ထုတ်ပြန်ချက်မှာတော့ အဖွဲ့ခေါင်းဆောင်အဖြစ် ရုရှားရေတပ် Pacific Fleet မှ Captain 1st Rank Ulyanenko Aleksey ဦးစီးပါဝင်တဲ့ ဒီခရီးစဉ်မှာ ၂ နိုင်ငံ ပူးတွဲရေတပ်စစ်ဆင်ရေး လေ့ကျင့်မှုတွေအပြင် မြန်မာရေတပ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးတာတွေလည်း လုပ်ဆောင်သွားမယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် အဆိုပါခရီးစဉ်အတွင်း ရန်ကုန်မြို့က အထင်ကရနေရာ​တွေကို သွားရောက်လေ့လာ လည်ပတ်တာ၊ နှစ်နိုင်ငံချစ်ကြည်ရေး အားကစားပြိုင်ပွဲ​တွေ ပြုလုပ်တာနဲ့ ဆိပ်ကမ်းအခြေပြုလေ့ကျင့်ခန်း (Harbour Phase) ​တွေ ပြုလုပ်ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်မှာတော့ ပူးတွဲစစ်ရေးလေ့ကျင့်မှုရဲ့ ရည်မှန်းချက်က ရေတပ်ပူးပေါင်းဆောင်ရွက်မှုကို ဘက်စုံဖွံ့ဖြိုးတိုးတက်စေဖို့၊ အားကောင်းစေဖို့အပြင် အရှေ့တောင်အာရှ ရေကြောင်းဒေသတွေမှာ အရပ်ဘက် ရေကြောင်းသွားလာမှုနဲ့ ရေကြောင်းစီးပွားရေးလုပ်ဆောင်မှုတွေ ဘေးကင်းလုံခြုံမှုကို သေချာစေရေးအတွက် ကိစ္စရပ်တွေကို ဖြေရှင်းနိုင်ဖို့ ဖြစ်တယ်လို့ ဖော်ပြပါတယ်။

မြန်မာ-ရုရှား နှစ်နိုင်ငံ ရေကြောင်းလုံခြုံရေး စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ဖို့အတွက် ရုရှားရေတပ်က စစ်ရေယာဉ်​တွေကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ ပထမဆုံးအကြိမ်အဖြစ် စစ်ရေယာဉ် ၂ စင်း၊ မနှစ်က ၂၀၂၄ ခုနှစ်မှာ ဒုတိယအကြိမ်အဖြစ် စစ်ရေယာဉ် ၄ စင်း ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

Photo: Embassy of Russia in Myanmar

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013