DVB Logo
Home
နိုင်ငံတကာ
အီရန်အာကာသပြပွဲ၌ ဒုံးကျည်များနှင့် ဒရုန်းများ ပြသ
DVB
·
November 13, 2025
အီရန်အာကာသပြပွဲ၌ ဒုံးကျည်များနှင့် ဒရုန်းများ ပြသ
Donate to DVB

အီရန်နိုင်ငံဟာ နိုင်ငံရဲ့ အာကာသရက်သတ္တပတ် အထိမ်းအမှတ်အဖြစ် ဒုံးကျည်ပြပွဲတခုကို နိုဝင်ဘာ ၁၂ ရက်က တီဟီရန်မှာ ဖွင့်လှစ်ခဲ့ပါတယ်။

ဗီဒီယိုမှတ်တမ်းထဲမှာ ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တခြား စစ်ဘက်ဆိုင်ရာပစ္စည်းတွေကို အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ် (IRGC) ရဲ့ အာကာသတပ်ဖွဲ့ပြတိုက်မှာ ပြသထားပါတယ်။

ပြပွဲကို တာဝန်ယူထားတဲ့ ဗိုလ်ချုပ်ကြီး ဘာလာလီက “ဒီမှာ တွေ့မြင်နေရတဲ့ ဒီဒုံးကျည်တွေကို ကျနော်တို့ကိုယ်တိုင် စတင်ထုတ်လုပ်ခဲ့ပါတယ်။ ကျနော်တို့ ပိတ်ဆို့မှုတွေအောက်မှာ ရှိနေတုန်းက သံဆူးကြိုးတွေတောင် တင်သွင်းလို့ မရခဲ့ပါဘူး။ ဒီနေ့မှာတော့ မြေပြင်ကနေ မြေပြင်စစ်ပွဲရဲ့ နယ်ပယ်အားလုံးမှာ မရှိမဖြစ်လိုအပ်တဲ့ ဒုံးကျည်တွေကို ကျနော်တို့ ဒီဇိုင်းဆွဲ၊ ထုတ်လုပ်ပြီး အသုံးပြုပါတယ်” လို့ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်‌။

ဒီလက်နက်တွေရဲ့ ဥပမာတွေကို “Honest Promise” စစ်ဆင်ရေး ၁၊ ၂၊ ၃ တွေမှာ သင်တို့ တွေ့မြင်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

“ဒီပြပွဲရဲ့အဆင့်ဟာ ကျနော်တို့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေမှာ အနည်းဆုံး ၅ နှစ်၊ ၆ နှစ်လောက် ကာလအတွင်းမှာရှိတဲ့ စက်ပစ္စည်းတွေရဲ့ နောက်ဆုံးပေါ် အောင်မြင်မှုတွေရဲ့ နောက်ကွယ်မှာ ရှိနေပါတယ်” လို့လည်း ဘာလာလီက ပြောပါတယ်။

ပြပွဲကို လာရောက်ကြည့်ရှုသူ ကီမီယာ ယိုဆက်ဖ်နဂျဒ်က “ဒီပစ္စည်းတွေဟာ ၁၀၀ ရာခိုင်နှုန်း အစစ်အမှန်ပါ။ သာမန် အများပြည်သူတွေက ဒီလုပ်ငန်းရဲ့ အလွန်သေးငယ်တဲ့ အစိတ်အပိုင်းတခုကိုသာ မြင်တွေ့ရတာဖြစ်ပြီး အမှန်တကယ်တော့ ဒီ့ထက်အများကြီး ပိုကျယ်ပြန့်ပါတယ်။ ဒီလုပ်ငန်းကို ဒီထက်ပိုပြီး တိုးချဲ့လာမယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

နောက်ထပ် ပြပွဲဧည့်သည် မိုဟာမက် ဆာဒရာ ဖာမီလီယန်က “ဒီမှာ ကျနော်တို့ မြင်နေရတဲ့ ပစ္စည်းတွေက တကယ့်စစ်ရေးလက်နက်တွေရဲ့ ၃ ပုံ ၁ ပုံတောင် မပြည့်ပါဘူး။ တကယ်တော့ ၁၂ ရက်ကြာ စစ်ပွဲဟာ ဒီလက်နက်စနစ်တွေကို စမ်းသပ်ဖို့၊ ခေတ်ဟောင်းစနစ်တွေကိုတောင် စမ်းသပ်ဖို့အတွက် အရမ်းကောင်းတဲ့ ပလက်ဖောင်းတခုပါပဲ။ ဥပမာအနေနဲ့ လောင်စာခဲသုံး တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်အသစ်ဖြစ်တဲ့ ခိုင်ဘာ ရှီကန် ဒါမှမဟုတ် ဆာဂျီးလ် ဒုံးကျည်တို့ကို မသုံးဘဲ ဒုံးကျည်ဟောင်းတွေကို သုံးနေတယ်ဆိုတဲ့ သတင်းကြားခဲ့ရပါတယ်။ ဒီစနစ်တွေကို စမ်းသပ်ဖို့နဲ့ တီထွင်ဖို့အတွက် အလွန်ကောင်းမွန်တဲ့ ပလက်ဖောင်းတခုပါပဲ” လို့လည်း ပြောသွားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013