
ဂျာမန်ကားကုမ္ပဏီကြီး အော်ဒီရဲ့ ပထမဆုံး ဖော်မြူလာဝမ်း (F1) ပြိုင်ကားသစ်နဲ့ ကားအရောင်ကို နိုဝင်ဘာ ၁၂ ရက်မှာ မိတ်ဆက်ခဲ့ပါတယ်။
ဒီအခမ်းအနားကို အရင် ဖော်မြူလာဝမ်းချန်ပီယံတွေနဲ့ အော်ဒီအသင်းအတွက် ၂၀၂၆ ခုနှစ်မှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် ယာဉ်မောင်း ၂ ယောက် တက်ရောက်ခဲ့ကြပါတယ်။
အော်ဒီအသင်းဟာ ၂၀၂၆ ခုနှစ် မတ် ၈ ရက် မဲလ်ဘုန်းပတ်လမ်းမှာ စတင်ပြီး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ အော်ဒီစီအီးအိုက ပြောပါတယ်။
ကားရဲ့အရောင်ကို တိုက်တေနီယံ၊ ကာဘွန်အနက်နဲ့ အသစ်မိတ်ဆက်လိုက်တဲ့ အော်ဒီ အနီရောင်တို့နဲ့ ပေါင်းစပ် ဖွဲ့စည်းထားပါတယ်။
ဖော်မြူလာဝမ်းပြိုင်ပွဲ ဝင်ရောက်မှုကို အမှတ်အသားပြုဖို့ အနီရောင်ကွင်း (red rings) လိုဂိုကိုလည်း အသုံးပြုသွားမယ်လို့ ဆိုပါတယ်။
အော်ဒီဟာ ၂၀၂၆ ခုနှစ်မှာ ဂျာမနီနိုင်ငံအတွင်း ထုတ်လုပ်တဲ့ ဟိုက်ဘရစ် ပါဝါယူနစ် (hybrid power unit) ကို အသုံးပြုထားတဲ့ ကိုယ်ပိုင်အသင်းနဲ့ ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
Source: Reuters











