DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားမဝင်အနှိပ်ခန်း ၄၃ မှု အရေးယူ
DVB
·
December 9, 2014
ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားမဝင်အနှိပ်ခန်း ၄၃ မှု အရေးယူ
Donate to DVB

ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားမဝင်လုပ်ကိုင်နေတဲ့ အနှိပ်ခန်းကို ၂၀၁၄ ခုနှစ်အတွင်း ဖမ်းဆီးခဲ့ရာမှာ ၄၃ မှုအထိ ရှိခဲ့တယ်လို့ ရန်ကုန်တိုင်း​ဒေသကြီးအစိုးရအဖွဲ့ နယ်စပ်​ရေးရာနှင့်လုံခြုံ​ရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောပါတယ်။

[caption id="attachment_73294" align="alignright" width="448"]ရန်ကုန်တိုင်း​ဒေသကြီးအစိုးရအဖွဲ့ နယ်စပ်​ရေးရာနှင့် လုံခြုံ​ရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်း ရန်ကုန်တိုင်း​ဒေသကြီးအစိုးရအဖွဲ့ နယ်စပ်​ရေးရာနှင့် လုံခြုံ​ရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်း[/caption]

ရန်ကင်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ က လွှတ်​တော်ကိုယ်စားလှယ် ဦးမျိုးခင် ရဲ့ ရပ်ကွက်တွင်း အနှိပ်ခန်းများဖွင့်လှစ်ခြင်းအား ဥပ​ဒေအရ ခွင့်ပြုမပြု​နဲ့ပတ်သတ်တဲ့​မေးခွန်းကို ပြန်လည်​ဖြေကြားခဲ့တာပါ။

“ရပ်ကွက်တွင်းမှာ အနှိပ်ခန်းများတရားဝင်ခွင့်ပြုထားခြင်းမရှိပဲနဲ့ ဖမ်းဆီးရမိအ​ရေးယူ​သော အခါမှာ အဆိုပါ ပုဂ္ဂိုလ်ဟာ ​ကေတီဗွီအမည်ခံ၍လည်း​ကောင်း၊ အလှပြင်ခန်းအမည်ခံ၍ လည်း​ကောင်း လိုင်စင်​လျှောက်ထားရယူပြီး​တော့မှ အနှိပ်ခန်းများတရားမဝင် ဖွင့်လှစ်​ကြောင်း​ တွေ့ရှိရပါတယ်။ အနှိပ်ခန်းများကိုလျှို့ဝှက်စုံစမ်းတဲ့အခါမှာ ခိုင်မာတဲ့ သတင်းရရှိပါက ဖမ်းဆီးပြီးရင် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အ​နေနဲ့ ပြစ်မှုဆိုင်ရာ ဥပ​ဒေပုဒ်မ ၁၈၈ဖြင့်တရားစွဲအ​ရေးယူ​ ဆောင်ရွက်လျက်ရှိပါတယ်။ အနှိပ်ခန်းဖမ်းဆီးမှု အနေနဲ့ ၂၀၁၄ ခုနှစ်အတွင်းမှာ ဇန်နဝါရီလကနေ နိုဝင်ဘာလအထိ စုစုပေါင်း ၄၃ မှု ဖမ်းဆီး အရေးယူပြီးဖြစ်ပါတယ်” လို့ ဝန်ကြီးက​ပြောပါတယ်။

အနှိပ်ခန်းဖမ်းဆီးရမိပါက ဥပဒေအရအရေးယူဆောင်ရွက်ပြီး ပြည့်တန်ဆာခန်းဆိုရင် ၁ နှစ် ၆ လ၊ အနှိပ်ခန်းဆို ၁နှစ်ချိတ်ပိတ်တယ်လို့သိရပါတယ်။ ဒီဇင်ဘာလ ၈ ရက်​နေ့ကလည်း ရန်ကုန်တိုင်းလွှတ်​တော်အစည်းအ​ဝေးမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းက အနှိပ်ခန်းတွေ ကို ဥပဒေ စည်းမျဉ်း၊ စည်းကမ်းတွေ ပြဌာန်းပြီး တရားဝင် ခွင့်ပြုပေးဖို့ တိုက်တွန်းကြောင်း အဆိုကို ရန်ကင်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ က ဦးသောင်းကျော်က တင်သွင်းခဲ့ပြီး လာမယ့် ဒီဇင်ဘာ ၁၂ ရက်နေ့ လွှတ်တော်အစည်းအဝေးမှာဆွေးနွေးဖို့ရှိပါတယ်။

ကေတီဗွီများနဲ့ အလှပြင်ဆိုင်များက လုပ်ငန်းများကိုဗန်းပြပြီး အနှိပ်ခန်းများအဖြစ် ဆောင်ရွက်ပါက ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၈၈ အရ အရေးယူ ဆောင်ရွက်လျက် ရှိပြီး ​ကေတီဗွီလုပ်ငန်းကိုဗန်းပြပြီး အနှိပ်ခန်းများဆောင် ရွက်လျက်ရှိနေမှုနှင့် ပတ်သက်ပြီး ၂၀၁၂ ခုနှစ် ဖမ်းဆီးရရှိမှုမရှိဘဲ ၂၀၁၃ ခုနှစ်တွင် ​ကေတီဗွီအမှုပေါင်း ၂၅ မှုနှင့် တရားခံပေါင်း ၈၄ ဦး၊ ၂၀၁၄ ခုနှစ် ဇွန်လ ၂၆ ရက်နေ့အထိ ​ကေတီဗွီအမှုပေါင်း ၁၁ မှုနှင့် တရားခံပေါင်း ၂၃ ဦး၊ အနှိပ်ခန်းနဲ့ပတ်သက်ပြီး ၂၀၁၂ ခုနှစ်တွင် အမှုပေါင်း ၆၁ မှုနှင့် တရားခံပေါင်း ၅၁၁ ဦး၊ ၂၀၁၃ ခုနှစ်တွင် အမှုပေါင်း ၇၈ မှု၊ တရားခံပေါင်း ၇၉၀ ဦး၊ ၂၀၁၄ ခုနှစ် ဇွန်လ ၂၆ ရက်နေ့အထိ အနှိပ်ခန်းအမှုပေါင်း ၆၆ မှု၊ တရားခံပေါင်း ၄၂၄ ဦးတို့ကို အရေးယူဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က  ပြည်သူ့လွှတ်တော်မှာပြောကြားဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013