DVB Logo
Home
အားကစား
ယူရို ၂၀၂၈ ဗိုလ်လုပွဲနှင့်  ဆီမီးဖိုင်နယ်ပွဲစဉ် ဝင်ဘလေကွင်း၌ ကျင်းပမည်
DVB
·
November 13, 2025
ယူရို ၂၀၂၈ ဗိုလ်လုပွဲနှင့်  ဆီမီးဖိုင်နယ်ပွဲစဉ် ဝင်ဘလေကွင်း၌ ကျင်းပမည်
Donate to DVB

ယူရို ၂၀၂၈ ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲနဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့က ဝင်ဘလေ ကွင်းမှာ ကျင်းပသွားမယ်လို့ သတင်းထုတ်ပြန်ပါတယ်။ 

၁၈ ကြိမ်မြောက်ကျင်းပမယ့် ယူရို ၂၀၂၈ ပြိုင်ပွဲကို အင်္ဂလန်၊ စကော့တလန်၊ ဝေးလ်နဲ့ အိုင်ယာလန်နိုင်ငံတွေက ပူးတွဲကျင်းပမှာဖြစ်ပြီး ဗိုလ်လုပွဲ နဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်တွေ ကျင်းပမယ့် ကွင်းအဖြစ် ဝင်ဘလေကွင်းကို ရွေးချယ်ခဲ့တာပါ။

စုစုပေါင်း ၂၄ သင်းပါဝင်မယ့် ပွဲစဉ်တွေကို အင်္ဂလန်က မြို့ကြီးငါးမြို့နဲ့ စကော့တလန်၊ ဝေးလ်နဲ့ အိုင်ယာလန်တို့က မြို့၃ မြို့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ 

အင်္ဂလန်အသင်းရဲ့ ပွဲစဉ်အပါအဝင် ပွဲစဉ်အများစုကို ဝင်ဘလေကွင်းအပါအဝင်  စပါး၊ မန်စီးတီး၊ အဲဗာတန်၊ နယူးကာဆယ်၊ အက်စ်တန်ဗီလာ တို့ရဲ့ ကွင်းတွေမှာ ကျင်းပသွားမှာပါ။ 

လာမယ့် ၂၀၂၈ ခုနှစ် ဇွန် ၉ ရက်ကနေ ဇူလိုင် ၉ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပြီး ခြေစစ်ပွဲစဉ်တွေကို လာမယ့်  ၂၀၂၇ ခုနှစ်မှာ အပြီးသတ် ကျင်းပသွားမှာ ဖြစ်ပါတယ်။

Photo:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013