DVB Logo
Home
နိုင်ငံတကာ
တရုတ်လိမ်လည်မှု အဓိက တာဝန်ရှိသူ ၁ ဦးကို ဘစ်ကွိုင်ခဝါချမှုဖြင့် ဗြိတိန်တွင် ထောင်ဒဏ်ချမှတ်
DVB
·
November 13, 2025
တရုတ်လိမ်လည်မှု အဓိက တာဝန်ရှိသူ ၁ ဦးကို ဘစ်ကွိုင်ခဝါချမှုဖြင့် ဗြိတိန်တွင် ထောင်ဒဏ်ချမှတ်
Donate to DVB

တရုတ်နိုင်ငံရှိ ရင်းနှီးမြှုပ်နှံသူ  ၁၃၀,၀၀၀ နီးပါးကို လှည့်စားခဲ့တဲ့ အကြီးစား ပွန်ဇီလိမ်လည်မှုကို အဓိက ကြိုးကိုင် ခြယ်လှယ်ဦးဆောင်သူတယောက်ဖြစ်တဲ့ ချန်းကျိမင်းကို ဒေါ်လာဘီလီယံပေါင်း များစွာတန်ဖိုးရှိတဲ့ ခရစ်ပ်တိုငွေကြေးအဖြစ် ပြောင်းလဲပြီး ငွေမည်းခဝါချမှုအတွက် နိုဝင်ဘာ ၁၁ ရက်က ဗြိတိန်မှာ ထောင်ဒဏ် ၁၁ နှစ်ကျော် ချမှတ်ခဲ့ပါတယ်။

ဗြိတိသျှရဲတပ်ဖွဲ့ ဟာ သမိုင်းတလျှောက် အကြီးမားဆုံး ခရစ်ပ်တိုငွေကြေး သိမ်းဆည်းမှုတွေထဲက တခုအဖြစ် လက်ရှိ အမေရိကန်ဒေါ်လာ ၆ ဘီလီယံကျော် တန်ဖိုးရှိတဲ့ ဘစ်ကွိုင်ပေါင်း ၆၁,၀၀၀ ကျော်ကို သိမ်းဆည်းခဲ့အပြီး စုံစမ်းစစ်ဆေးမှု လုပ်ခဲ့ပြီးနောက်မှာ ချန်းကျိမင်းဟာ ငွေကြေးခဝါချမှု စွဲချက် ၂ ခုအတွက် အပြစ်ရှိကြောင်း စက်တင်ဘာလမှာ ဝန်ခံလာခဲ့ပါတယ်။ 

ရဲတွေဟာ ဘစ်ကွိုင် ၆၁,၀၀၀ လောက် ပါရှိတဲ့ စက်ပစ္စည်းတွေကို သိမ်းဆည်းခဲ့ပေမဲ့ အဲဒီအချိန်တုန်းက ပေါင် ၁ ဒသမ ၅ ဘီလီယံ (ဒေါ်လာ ၂ ဒသမ ၀၁ ဘီလီယံ) တန်ဖိုးရှိတဲ့ ၂၀၂၁ ခုနှစ်အထိ အဲဒါတွေကို ဝင်ရောက်ကြည့်ရှုခဲ့ခြင်း မရှိပါဘူး။

လန်ဒန်မြို့ ဆောက်သ်ဝါ့ခ် ခရောင်းန်တရားရုံးမှာ တရားသူကြီး ဆယ်လီ အန်းဟေးလ်စ်က “ဒီပြစ်မှုကျူးလွန်မှုအတွက် အစကနေ အဆုံးအထိ မင်းက လူဆိုးဖြစ်ပြီး မင်းရဲ့ ရည်ရွယ်ချက်က လောဘကြီးမှု သက်သက်ပဲ” လို့ ပြောလိုက်ချိန်မှာ တရားခံနေရာရှိ ချန်းကျိမင်းက ငိုယိုခဲ့ပါတယ်။

အသက် ၄၇ နှစ်ရှိ ချန်းကျိမင်းဟာ သူ့ရဲ့ ရုံးတင်စစ်ဆေးမှု ပထမဆုံးနေ့မှာ သူရဲ့ လျှောက်လဲချက်တွေကို ပြောင်းလဲခဲ့ပြီး ရာဇဝတ်မကင်းတဲ့ ပစ္စည်းဥစ္စာတွေကို ပိုင်ဆိုင်ခြင်း၊ လွှဲပြောင်းခြင်းတွေကို ဝန်ခံခဲ့ပါတယ်။ 

ချန်းကျိမင်းက သူဟာ အောင်မြင်တဲ့ ခရစ်ပ်တို စွန့်ဦးတီထွင်သူတွေကို တရုတ်အစိုးရရဲ့ နှိမ်နင်းမှု"မှာ ပစ်မှတ်ဖြစ်လာရတယ်လို့ အရင်က အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

အစိုးရရှေ့နေတွေက ချန်းကျိမင်းဟာ ၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း သူ့ရဲ့ လန်းရှန် ဂဲရုအီ ကုမ္ပဏီကနေတဆင့် ရင်းနှီးမြှုပ်နှံမှု လိမ်လည်မှုတခုကို လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဒီအထဲမှာ လူပေါင်း ၁၂၈,၀၀၀ လောက်က ယွမ်ငွေ ၄၀ ဘီလီယံလောက် (ဒေါ်လာ ၅ ဒသမ၆၂ ဘီလီယံ) ရင်းနှီးမြှုပ်နှံခဲ့ပြီး အဲဒီထဲက ၆ ဘီလီယံလောက်ကို လျှို့ဝှက်ထုတ်ယူခဲ့တာပါ။

တရုတ်နိုင်ငံမှာ လူပေါင်း ၈၀ ကျော်ကို ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။ ချန်းကျိမင်းဟာ တရုတ်နိုင်ငံကနေ မြန်မာ၊ ထိုင်း၊ လာအိုနဲ့ မလေးရှားတို့ကနေ တဆင့် ထွက်ပြေးခဲ့ပြီး စိန့်ထ်ကစ်တ်စ်နဲ့ နဲဗစ်စ် နိုင်ငံကူးလက်မှတ်နဲ့ လန်ဒန်ကို မသွားရောက်ခင် လိမ်လည်မှုကနေ ရရှိထားတဲ့ငွေနဲ့ ဝယ်ယူထားတဲ့ ဘစ်ကွိုင်ကို ငွေသားအဖြစ် ပြောင်းလဲဖို့ စတင်ကြိုးစားခဲ့တာဖြစ်ကြောင်း အစိုးရရှေ့နေတွေက ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013