DVB Logo
Home
မြန်မာသတင်း
မိုးကုတ်မြို့သိမ်းတိုက်ပွဲကြား ရိုက်ကူးထားသည့် ဒေါက်တာစိုးသူရဇော်အကြောင်း မှတ်တမ်းရုပ်ရှင် ပြသမည်
DVB
·
November 12, 2025
မိုးကုတ်မြို့သိမ်းတိုက်ပွဲကြား ရိုက်ကူးထားသည့် ဒေါက်တာစိုးသူရဇော်အကြောင်း မှတ်တမ်းရုပ်ရှင် ပြသမည်
Donate to DVB

တော်လှန်ဘက်တော်သား ဆရာဝန်တဦးဖြစ်တဲ့ ဒေါက်တာစိုးသူရဇော်အကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်သူ့အသံ ရုပ်မြင်သံကြား - Public Voice Television (PVTV) ကနေ နိုဝင်ဘာ ၁၅ ရက်မှာ ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။

ဒီမှတ်တမ်းရုပ်ရှင်ကိုတော့ ဒါရိုက်တာ ကေက ရိုက်ကူးခဲ့တာဖြစ်ကာ မိုးကုတ်မြို့သိမ်း တိုက်ပွဲကာလအတွင်း ရိုက်ကူးထားတာလို့လည်း သိရပါတယ်။

ဒေါက်တာစိုးရသူဇော်ဟာ စစ်အာဏာသိမ်းမှု မတိုင်ခင် အရပ်သားအစိုးရလက်ထက်ကတည်းက  စစ်တပ်ကို တော်လှန်သူ လူငယ်တဦးဖြစ်ခဲ့တာဖြစ်ပြီး လတ်တလောမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ PDF တပ်မတော်စစ်ရုံးချုပ် ဒုတိယစစ်ဦးစီးအရာရှိချုပ်နဲ့ MDY PDF ရဲ့ စစ်ဦးစီးတဦးအဖြစ် တော်လှန်ရေးမှာ ပါဝင်နေသူပါ။

မိုးကုတ်မြို့ ပြည်သူ့ဆေးရုံက သွားနှင့်ခံတွင်းဆရာဝန် ဒေါက်တာ စိုးသူရဇော်ဟာ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၉ ရက်ကနေ ဒီဇင်ဘာ ၁ ရက်အထိ ဗဟိုဝန်ထမ်းတက္ကသိုလ်မှာ  ဖွင့်လှစ်တဲ့ အလယ်တန်းအရာရှိများ မတက်မနေရ သင်တန်းကို တက်ရောက်ခဲ့ချိန်မှာ သင်တန်းက လူမျိုးရေး၊ ဘာသာရေး ဝါဒမှိုင်းတွေ သင်ကြားပို့ချနေကြောင်း လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်ကတဆင့် “ဇီးပင်ကြီး စစ်တမ်း” အပိုင်း ၁၊ ၂၊ ၃ ဆိုပြီး ဖွင့်ချရေးသားခဲ့တာ ဖြစ်ပါတယ်။

သင်တန်းပြဆရာတချို့က ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်ဝါဒတွေ ပို့ချနေကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေး မရရှိရခြင်းက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရရဲ့ စေတနာချို့တဲ့မှုတွေကြောင့် ဖြစ်တယ်လို့ ပို့ချနေတဲ့အကြောင်း ရေးသားခဲ့တာကြောင့် နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးအပိုင်းမှာရော၊ လူထုကိုပါ အတွေးစတွေ ပွားလာစေသလို ဂယက်ရိုက်ခဲ့တာဖြစ်ပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်သင့်ကြောင်း ဝေဖန်သံတွေလည်း ထွက်ပေါ်ခဲ့တာပါ။

အမှန်တရားကို သတ္တိရှိရှိ ဖွင့်ထုတ်ပြရဲခဲ့တဲ့ ဒေါက်တာ စိုးသူရဇော်ဟာ ၂၀၂၁ စစ်အာဏာသိမ်းချိန်မှာလည်း အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုနဲ့အတူ ပါဝင်လာခဲ့ပြီး သိပ်မကြာခင်တုန်းက မိုးကုတ်မြို့သိမ်းတိုက်ပွဲမှာလည်း စွမ်းစွမ်းတမံ ပါဝင်လှုပ်ရှားခဲ့သူ ဖြစ်ပါတယ်။

သူနဲ့ပတ်သက်ပြီးတော့ မိုးကုတ်ဗျူဟာကတော့ “ခေတ်ကောင်းလို့ အသံထွက်ခဲ့သူမဟုတ်ဘူး… ယုံကြည်ချက်၊ ရပ်တည်ချက် ခိုင်မာသူ .... တိုင်းပြည်ဖျက်အုပ်စုတွေ လက်ထဲက မြန်မာပြည်နဲ့ ဒီမိုကရေစီကို ပြန်လည်တိုက်ယူမယ့် ပညာတတ်လူငယ်....။ နာမည်ကျော် စကားပုံတခု ရှိပါတယ်။ ပညာတတ် လူယုတ်မာတွေဟာ သိပ်ကို ကြောက်စရာကောင်းတာတဲ့။ ကျနော်တို့နိုင်ငံမှာ အဲလိုလူတန်းစားဟာ သီးသန့်တည်ရှိနေသလို ဒေါက်တာစိုးသူရဇော် တို့လို အရာရာကို ပေးဆပ်ပြီး တိုင်းပြည်ကို အမှောင်ထုကနေ ဆွဲထုတ်ဖို့ ကြိုးစားနေကြတဲ့ နယ်ပယ်အသီးသီးက အသိပညာရှင်၊ အတတ်ပညာရှင်ပေါင်းများစွာဟာ ဒီနွေဦးထဲမှာ တည်ရှိနေကြပါတယ်” လို့ မှတ်ချက်ပြုထားပါတယ်။

လတ်တလောမှာတော့ PVTV ကနေ မိုးကုတ်ဗျူဟာက ပြုလုပ်တဲ့ ရုပ်ရှင်ပွဲတော်မှာ ပြသနေတဲ့ ဇာတ်ကား ၃ ကားကို တပတ်ကို တကားနှုန်းနဲ့  ၃ ပတ်ဆက် ပြသမယ်လို့လည်း ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013