DVB Logo
Home
မြန်မာသတင်း
ကနီမြို့နယ် ဝင်မနားဆေးရုံကို စစ်တပ်က ဗုံးကြဲ၊ ပြည်သူ ၈ ဦး သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရ
DVB
·
November 12, 2025
ကနီမြို့နယ် ဝင်မနားဆေးရုံကို စစ်တပ်က ဗုံးကြဲ၊ ပြည်သူ ၈ ဦး သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် အရှေ့ခြမ်း ဝင်မနားဆေးရုံကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၁ ရက် မနက် ၉ နာရီမှာ စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်သွားလို့  အနည်းဆုံးပြည်သူ ၈ ယောက် သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရသွားတယ်လို့  ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံ ရွာသားတယောက်က “နမခ ကနေ တက်လာတဲ့ စက်တပ်လေထီးယာဉ်က ကြဲချသွားတာ။‌ မွေးလူနာအဆောင်ပေါ်ကို တလုံး၊ လူနာအ‌ဆောင်ပေါ်ကို တလုံး စုစုပေါင်း ၂ လုံး ချသွားတာ။ အဲလိုချသွားလို့ ပြည်သူ ၆ ဦးကတော့ နေရာတင် ပွဲချင်းပြီး သေဆုံးတယ်။ အခု ဒဏ်ရာရတဲ့သူထဲက ၂ ဦး ထပ်သေဆုံးတယ်။ စုစုပေါင်း သေဆုံးတာ ၈ ဦးအထိ ရှိနေပြီဗျ။ ဒဏ်ရာရတာက ၅၁ ဦးပါဗျ” လို့ ပြောပါတယ်။

အဆိုပါဆေးရုံဟာ ကနီမြို့နယ်အရှေ့ခြမ်းက ပြည်သူတွေကို ဆေးကုသပေးနေတဲ့ ဆေးရုံတရုံ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဝင်မနားဆေးရုံကို စစ်တပ်က ဗုံးသီးချ တိုက်ခိုက်တာကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်မှု မလုပ်သေးပါဘူး။

ကနီမြို့နယ် တပ်ရင်းတခုမှ ရဲဘော်တယောက်က “ဒီသတင်းက အတည်ဖြစ်ပါတယ်။ ဒီသတင်းကို သတင်းမတင်ရဘူးလို့ တာဝန်ရှိတဲ့သူတချို့က ပြောနေလို့။ ဘာ‌ကြောင့် သတင်းမတင်ရတာလဲတော့ ကျနော်တို့လည်း မသိဘူးလေ။ သတင်းက အတည်ဖြစ်ပါတယ်” လို့ ပြောပါတယ်။

နိုဝင်ဘာ ၁၀ ရက်ကလည်း ကနီမြို့နယ်အနီး ဒီပဲယင်းမြို့နယ်အတွင်းက ဆပ်ပြာကျင်းရွာနဲ့ ကျွန်းတောလေးရွာကို စစ်တပ်က လေယာဉ် ၃ စီးနဲ့ ဗုံးကြဲပစ်ခတ်တာတွေ ပြုလုပ်သွားတာကြောင့် ဆပ်ပြာကျင်းရွာက ပြည်သူ ၁၁ ယောက်၊‌ ကျွန်းတော‌လေးရွာက ၂ ယောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပြီး ဆပ်ပြာကျင်းရွာက လူနေအိမ် ၃၀ နဲ့ ကျွန်းတောလေးရွာက လူနေအိမ် ၈ လုံးလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013