DVB Logo
Home
နိုင်ငံတကာ
ဒေလီမြို့ ခံတပ်နီအနီး ကားပေါက်ကွဲမှု ၉ ဦး သေဆုံး၊ အသေခံတိုက်ခိုက်မှုဖြစ်နိုင်
DVB
·
November 11, 2025
ဒေလီမြို့ ခံတပ်နီအနီး ကားပေါက်ကွဲမှု ၉ ဦး သေဆုံး၊ အသေခံတိုက်ခိုက်မှုဖြစ်နိုင်
Donate to DVB

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့က သမိုင်းဝင်ခံတပ်နီအနီးမှာ နိုဝင်ဘာ ၁၀ ရက် ညပိုင်းက ကားတစီး ပေါက်ကွဲခဲ့မှုမှာ သေဆုံးသူ ၉ ယောက်အထိ တိုးလာပြီး ဒဏ်ရာရသူ ၂၀ ဝန်းကျင်ရှိတယ်လို့ အိန္ဒိယ သတင်းဌာနတွေက ဖော်ပြပါတယ်။ 

ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အဓိက သံသယရှိသူရဲ့ ပထမဆုံး CCTV ရုပ်ပုံ ထွက်ပေါ်လာခဲ့ပါတယ်။  

သူဟာ ဖာရီဒါဘတ်မြို့ မှာရှိတဲ့ Al Falah Medical College က ဒေါက်တာ မိုဟာမက်အူမာ ဖြစ်တယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး India Today က ဖော်ပြပါတယ်။ 

အူမာဟာ ဖာရီဒါဘတ်အကြမ်းဖက်အဖွဲ့ခွဲရဲ့ အဖွဲ့ဝင်တယောက်ဖြစ်ပြီး ပြီးခဲ့တဲ့အပတ်က ဖမ်းဆီးခံခဲ့ရတဲ့ တခြားဆရာဝန်တယောက်နဲ့ ရင်းနှီးသူလို့လည်း ဆိုပါတယ်။ 

နိုဝင်ဘာ ၁၀ ရက် အစောပိုင်းက ဖာရီဒါဘတ်မှာ အဖမ်းအဆီးတွေ ရှိခဲ့ပြီးနောက်၊ အူမာဟာ ထိတ်လန့်တကြားနဲ့ ဒီတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တာ ဖြစ်နိုင်ကြောင်း သတင်းတွေက ဖော်ပြပါတယ်။ 

CCTV မှတ်တမ်းတွေအရ သူဟာ Hyundai i20 ကားကို မောင်းနှင်ခဲ့ပြီး၊ ပေါက်ကွဲမှုမဖြစ်ခင် ည ၆ နာရီ ၄၈ မိနစ်အထိ ၃ နာရီနီးပါး ခံတပ်နီအနီးမှာ ကားကို ရပ်ထားခဲ့တာ တွေ့ရပါတယ်။ 

စုံစမ်းစစ်ဆေးသူတွေက ဒီပေါက်ကွဲမှုမှာ ပြင်းအားမြင့် အမိုနီယမ်နိုက်ထရိတ်လောင်စာဆီ (Ammonium Nitrate Fuel Oil) ကို အသုံးပြုခဲ့ကြောင်း အတည်ပြုထားပါတယ်။ 

ဒီဖြစ်စဉ်ကို အိန္ဒိယရဲ့ အတင်းကျပ်ဆုံး အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး ဥပဒေ (UAPA) နဲ့ အမှုဖွင့် စစ်ဆေးနေပြီး၊ သံသယရှိသူ အနည်းဆုံး ၁၃ ယောက်ကို စစ်ဆေးမေးမြန်းနေပါတယ်။ 

သေဆုံးသူ ၉ ယောက်အနက် ၂ ယောက်ကိုသာ အထောက်အထား အတည်ပြုနိုင်သေးပြီး ကျန်သူတွေကို အတည်မပြုနိုင်သေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013