
တိုက်စစ်မှူး ဒမ်နီဝဲလ်ဘက်ကို ကမ္ဘာပေါ်က ဘယ်လိုကစားသမားနဲ့မှ မလဲနိုင်ကြောင်း ဘရိုက်တန်အသင်း နည်းပြ ဖေဘီယန်ဟာဇယ်လာက ချီးကျူးပြောသွားပါတယ်။
အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ မန်ယူနဲ့ အာဆင်နယ် တိုက်စစ်မှူးဟောင်းဟာ အခုနှစ်ရာသီ ၁၀ ပွဲအပြီးမှာ ၆ ဂိုးသွင်းယူပြီး ခြေစွမ်းပြသနေတာပါ။
ဒမ်နီဝဲလ်ဘက်က လေးစားစရာခေါင်းဆောင်ကောင်း ဖြစ်သလို စံပြကစားသမားလည်း ဖြစ်တာကြောင့် အသင်းမှာ ဒီလိုကစားသမားရှိနေတာက ဆုလာဘ်တခုဖြစ်ပြီး ဝဲလ်ဘက်ကို ကမ္ဘာအပေါ်က ဘယ်လိုကစားသမားနဲ့မှ မလဲနိုင်ကြောင်း နည်းပြ ဟာဇယ်လာက ပြောပါတယ်။
ဘရိုက်တန်ဟာ ပွဲစဉ် ၁၀ အပြီးမှာ ၄ ပွဲနိုင် ၃ ပွဲသရေ၊ ၃ ပွဲရှုးရလဒ်နဲ့ အဆင့် ၁၀ ရောက်နေပြီး တနင်္ဂနွေနေ့မှာ စွမ်းဆောင်ရည်ကောင်းမွန်နေတဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ အဝေးကွင်းပွဲစဉ် အဖြစ် ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။
Photo: Reuters










