DVB Logo
Home
မြန်မာသတင်း
လိပ်ကျွန်းလူသတ်မှု စွပ်စွဲခံ မြန်မာ ၂ ဦး တရားဝင် ငြင်းဆို
DVB
·
December 8, 2014
လိပ်ကျွန်းလူသတ်မှု စွပ်စွဲခံ မြန်မာ ၂ ဦး တရားဝင် ငြင်းဆို
1 / 2
Donate to DVB

ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင် လိပ်ကျွန်း ခေါ် ခိုတောင်ကျွန်း လူသတ်မှုနဲ့ပတ်သက်လို့ ကော်စမွီခရိုင်တရားရုံးမှာ ဒီကနေ့ ကိုဇော်လင်း နဲ့ ကိုဝင်းဇော်ထွန်း ၂ ဦးကို တရားစွဲဆိုပြီး စတင်စစ်ဆေးရာမှာ ၂ ဦးစလုံးက ပြစ်မှုကျူးလွန်ခြင်းမရှိကြောင်း ထွက်ဆိုသွားခဲ့ကြပတါယ်။

[caption id="attachment_73258" align="alignright" width="444"]ဓာတ်ပုံ - Bangkok Post ဓာတ်ပုံ - Bangkok Post[/caption]

စက်တင်ဘာ ၁၅ ရက်နေ့က ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး ထိုင်းရဲက သူတို့နှစ်ဦးကို အောက်တိုဘာ ၂ ရက်နေ့က ဖမ်းဆီးစစ်ဆေးခဲ့ပြီး ပြီးခဲ့တဲ့ သောကြာနေ့ကတော့ တရားရုံးကို အမှုတွဲတင်ခဲ့ရာက ဒီကနေ့မှာတော့ စတင်စစ်ဆေးပါတယ်။

သူတို့ ၂ ဦးကို ဒီမနက် ၁၁ နာရီက ရုံးထုတ်ခဲ့စစ်ဆေးတယ်လို့ တရားခွင်ကို ရောက်ရှိတဲ့ မြန်မာသံရုံးအထူးအဖွဲ့ဝင် ကိုမိုးဝေက ပြောပါတယ်။

“တရားသူကြီးက သူတို့ကို စွဲဆိုထားတဲ့ ပြစ်မှု ၇ ခုဖတ်ပြတယ်ခင်ဗျ။ အဲဒါတွေကို ၀န်ခံမှာလား ငြင်းမှာလားလို့ မေးပါတယ်။ တကယ်လုပ်ရင် ၀န်ခံဖို့၊ ၀န်ခံတယ်ဆိုရင် ပြစ်ဒဏ်လျော့ပေါ့သွား မယ်လို့ ပြောတယ်။ ငြင်းလို့လဲရတယ် တရားခံတွေမှာ ငြင်းဆိုပိုင်ခွင့်ရှိတယ်။ စွဲဆိုထားတဲ့ အချက်အလက်တွေ အမှန်မဟုတ်ဘူးဆိုရင် တရားရုံးက တခါတည်း အမှုကို ရုတ်သိမ်းပေးတာတွေ ရှိတယ်။ ပြစ်မှုသက်သေတွေခိုင်လုံရင်တော့ ထောင်ချခံရမယ်လို့ တရားသူကြီးက ပြောတယ်ခင်ဗျ၊ ကလေး ၂ ယောက်ကတော့ စွဲဆိုချက်တိုင်းကို ငြင်းပယ်ခဲ့ပါတယ်။”

တရားခွဲကို ရောက်ရှိတဲ့ မြန်မာသံရုံးအထူးအဖွဲ့ဝင် ရှေ့နေ ဦးအောင်မျိုးသန့်က ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကို လူသတ်မှု၊ မုဒိမ်းမှု၊ လုယက်မှု၊ ထိမ်ချန်မှု၊ ပူးပေါင်းကြံစည်မှု၊ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာမှု၊ ဆက်လက်နေထိုင်မှုတွေနဲ့ စွဲဆိုပြီး အမှုကို လာမယ့်နှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကို ရုံးချိန်းလိုက်တယ်လို့ သူက ပြောပါတယ်။

လူငယ် ၂ ဦး အာမခံရရှိရေးအတွက် ပြင်ဆင်ဆောင်ရွက်နေပေမယ့် ဒီကနေ့တော့ မတင်ဖြစ်သေးဘူးလို့ ကိုမိုးဝေက ပြောပါတယ်။

ဒီကနေ့ တရားရုံးကို မြန်မာသံရုံးအထူးအဖွဲ့က သံရုံးအတွင်းဝန် ဦးထွန်းအေး၊ ရှေ့နေ ဦးအောင်မျိုးသန့်၊ ထိုင်းရောက်မြန်မာနိုင်ငံသားများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်သောင်း နဲ့ ထိုင်းရှေ့နေ ၃ ဦး၊ ရခိုင်အမျိုးသားကွန်ရက်အဖွဲ့က စုစုပေါင်း ၈ ဦး သွားရောက်ကြားနာခဲ့ပါတယ်။

မွန်းလွဲပိုင်းမှာတော့ အသတ်ခံရတဲ့ ဗြိတိန်နိုင်ငံသား ၂ ဦးရဲ့ မိဘတွေရဲ့ ထုတ်ပြန်ချက်ကို တရားသူကြီးက ဖတ်ပြမယ်လို့ ကိုမိုးဝေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013