DVB Logo
Home
နိုင်ငံတကာ
ကာလ်မေဂီမုန်တိုင်းအရှိန်ကြောင့် ထိုင်းခရိုင် ၁၅ ခုတွင် ရေကြီးရေလျှံ၊ ၁၃ ဦး သေဆုံး
DVB
·
November 7, 2025
ကာလ်မေဂီမုန်တိုင်းအရှိန်ကြောင့် ထိုင်းခရိုင် ၁၅ ခုတွင် ရေကြီးရေလျှံ၊ ၁၃ ဦး သေဆုံး
Donate to DVB

အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ကာလ်မေဂီကြောင့် ထိုင်းနိုင်ငံ ခရိုင် ၁၅ ခုမှာ ရေကြီးရေလျှံ မှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်ခဲ့ပြီး လူ ၁၃ ယောက်  သေဆုံးခဲ့ရတဲ့အကြောင်း The Nation Thailand သတင်းမှာ နိုဝင်ဘာ ၇ ရက်က ဖော်ပြပါတယ်။

လတ်တလောမှာတော့ ထိုင်းနိုင်ငံအလယ်ပိုင်းဒေသ၊ အထူးသဖြင့် အယုဒ္ဓယမှာ ရေမျက်နှာပြင် မြင့်တက်လာမှုနဲ့ ရင်ဆိုင်နေရသလို တိုင်ဖွန်းမုန်တိုင်း ကာလ်မေဂီဟာ ဥဘွန်ရက်ချ်သာနီဒေသကို သက်ရောက်နိုင်ဖွယ်ရှိနေပြီး ထိုင်းအာဏာပိုင်တွေအနေနဲ့ သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါ တယ်။

ထိုင်းနိုင်ငံ ဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျော့ပါးရေးဌာန (DDPM) ရဲ့ သတင်းအ ချက်အလက်တွေအရ နိုင်ငံတဝန်း ရေကြီးရေလျှံ ဆက်လက်ဖြစ်ပွားနေပြီး ရွာပေါင်း ၃,၀၀၀ ကျော်က လူဦးရေ ၄၇၀,၀၀၀ ကျော်ကို ထိခိုက်စေကြောင်း သတင်းထုတ်ပြန်ထားတာပါ။

ဒီအကျိုးသက်ရောက်မှုမှာတော့ အလယ်ပိုင်းဒေသကို အဆိုးရွားဆုံးထိခိုက်စေခဲ့ပြီး ခရိုင် ၉ ခုက အိမ်ထောင်စုပေါင်း ၉၇,၀၀၀ ကျော် ဒုက္ခရောက်ခဲ့ရကာ အထူးသဖြင့် ဖရာနခွန်စီ အယုဒ္ဓယဒေသဟာ ကျောက်ဖယားဆည်က ရေထုတ်လွှတ်မှုကြောင့် ပြင်းထန်စွာထိ ခိုက်ခဲ့ရတယ်လို့ ဆိုပါတယ်။ 

ထိုင်းမိုးလေဝသဌာနကတော့ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ကာလ်မေဂီနဲ့ ပတ်သက်ပြီး ဥဘွန်ရတ်ချဌာနီ၊ ယာဆိုသွန်၊ အမ်နတ်ချရွမ်၊ ဆီစကက်၊ ဆူရင်နဲ့ ဘူရီရမ်ဒေသ တွေကို အထူးသတိပေးချက် ထုတ်ပြန်ခဲ့တာပါ။

ဒါ့အပြင် ထိုင်းနိုင်ငံ ဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျော့ပါးရေးဌာန (DDPM) က ဒေသခံအေဂျင်စီတွေနဲ့ ပူးပေါင်းပြီးတော့ လူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းတာ၊ ကယ် ဆယ်ရေးပစ္စည်းတွေ ဖြန့်ဝေပေးတာ၊ ရေစုပ်စက်တွေ တပ်ဆင်ပေးတာတွေ အပါအဝင် ရေဘေးသင့်ပြည်သူတွေကို ဆက်လက်ကူညီနေတာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ကပ္ပလီပင်လယ်ပြင်မှာတော့ လှိုင်းလုံးကြီးတွေဟာ ၂ မီတာကနေ ၃ မီတာအထိ မြင့်တက်နေပြီး တချို့နေရာတွေမှာတော့ ၃ မီတာကျော်ထိ မြင့်တက်နေတာ ကြောင့် ဘေးကင်းရေးအတွက် လှေငယ်တွေကို ကမ်းမှာသာထားရှိကြဖို့  အကြံပြုပါတယ်။

ဒါ့အပြင် ပြည်နယ်အားလုံးကိုလည်း ရုတ်တရက်ရေကြီးရေလျှံတာတွေနဲ့ မြစ်ကမ်းပါး ရေလျှံတာတွေအတွက် သတိပြုဖို့လည်း ဆက်လက်တိုက်တွန်းထားသလို တိုင်ဖွန်းမုန်တိုင်းဟာ နိုင်ငံတဝန်း ဖြတ်သန်းသွားတာနဲ့အမျှ တရားဝင်ကြေညာချက်တွေနဲ့အတူ နောက်ဆုံးရ သတင်းတွေ ရယူကြဖို့လည်း အကြံပြုထားပါတယ်။

Source: The Nation Thailand

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013