DVB Logo
Home
မြန်မာသတင်း
တခြားနိုင်ငံသားခံယူထားသည့် မြန်မာနိုင်ငံသားတချို့ မြန်မာပြည်ဝင်ခွင့် ငြင်းပယ်ခံရ
DVB
·
December 8, 2014
တခြားနိုင်ငံသားခံယူထားသည့် မြန်မာနိုင်ငံသားတချို့ မြန်မာပြည်ဝင်ခွင့် ငြင်းပယ်ခံရ
Donate to DVB

အဆိုတော်မွန်းအောင်ဟာ အစိုးရသတ်မှတ်ထားတဲ့ အမည်ပျက်စာရင်းဝင်ဖြစ်တဲ့အတွက် ဗီဇာထုတ်ပေးဖို့ ငြင်းဆန်ခဲ့တာလို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးဝင်းမောင်က ဒီဗွီဘီကို ပြောပါတယ်။

[caption id="attachment_73229" align="alignright" width="441"]ဓာတ်ပုံ - applyvisatomyanmar.blogspot.com/ ဓာတ်ပုံ - applyvisatomyanmar.blogspot.com/[/caption]

နော်ဝေနိုင်ငံသားခံယူထားတဲ့ အဆိုတော်မွန်းအောင်ဟာ မြန်မာနိုင်ငံကို ပြန်လာဖို့ ထိုင်းနိုင်ငံရှိ မြန်မာသံရုံးမှာ လူမှုရေးဗီဇာ လျှောက်ထားရာမှာ အေးဂျင့်က တဆင့်လျောက်တာရော။ နိုဝင်ဘာ ၂၄ ရက်နေ့က လူကိုယ်တိုင်သွားရောက်လျောက်ရာမှာရော ၂ ကြိမ်လုံး ငြင်းပယ်ခံရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံရှိ မြန်မာသံအမတ် ဦးဝင်းမောင်က သံရုံးက နာမည်ပျက်စာရင်းဝင်သူတွေကို ဗီဇာမပေးတာသာဖြစ်တယ်လို့ ဖြေဆိုပါတယ်။ ဒါပေမယ့် အဆင့် ၃ ဆင့်ခွဲထားပြီး အဆင့် ၃ မှာရှိတဲ့သူတွေကို သံရုံးအနေနဲ့ ပြည်ဝင်ခွင့်ရဖို့ ကြိုးစားပေး တာ ရှိတယ်လို့ ပြောပါတယ်။ အဆိုတော် ကိုမွန်းအောင်ကတော့ အဆင့် ၃ မှာရှိနေတယ်လို့ သံအမတ်ကြီး ဦးဝင်းမောင်က ပြောပါတယ်။

“မွန်းအောင်တို့က မရပါဘူး။ အဘတို့တင်ပြထားပါတယ်။ သူကတော့ အောက်ဆုံးက အရောင်ထဲမှာပါတဲ့အတွက် အဘတို့တင်ပြပေးထားပါတယ်။ ရရင်တော့ သူ့ကိုအကြောင်း ကြားမယ်။ ဒါပေမယ့် သူက ပြောတာပဲရှိတယ်။ ဖုန်းနံပါတ်လည်းမပေးထားဘူး။ ဒီတိုင်းပဲ ပြန်ထွက်သွားတယ်။ အဘစစ်ပြီးပါပြီ။ သူက စိတ်ကြီးတာပေါ့လေ။ လူကလည်း အများကြီး ဆိုတော့ တင်ခဲ့ပါလို့ ပြောတဲ့ဟာကို မတင်တော့ဘဲနဲ့ ပြန်သွားတာပေါ့။”

သံရုံးအနေနဲ့ လူမှုရေးဗီဇာ လျှောက်သူတွေရဲ့စာရင်းကို နေပြည်တော်တဆင့် ပို့ဆောင်ခွင့်ပြုချက်ယူရတာကြောင့် အချိန်အနည်းငယ်ပေးရတယ်လို့လည်း သံအမတ်က ပြောပါတယ်။

သံအမတ်ရဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ ကိုမွန်းအောင်က သူ့အနေနဲ့ စိတ်မရှည်တာမဟုတ်ဘဲ သံရုံးမှာ စာအုပ်တင်စဉ်က ဗီဇာဌာနတာဝန်ရှိသူတွေက သူနဲ့ သူ့ဇနီးကို ဘာကြောင့် ငြင်းပယ်တယ်ဆိုတာကို တိကျတဲ့ အဖြေမပေးဘဲ အထက်အမိန့်အရ ဒီစာအုပ်မျိုးကို ပေးလို့မရကြာင်း ချက်ချင်းငြင်းဆိုခဲ့တဲ့အတွက် ဘာဆက်လုပ်ရမှန်း မသိ ဖြစ်ခဲ့ရတယ်လို့ ပြောပါတယ်။
“ကျနော်တို့အနေနဲ့ကတော့ မပေးနိုင်ဘူးဆိုရင်လည်း အကျိုးအကြောင်း ပြောပေါ့။ နောက်ပြီး အစိုးရ ပြောထားသလိုဆိုရင် ကျနော်တို့က ဥပဒေ ချိုးဖောက်ခဲ့တဲ့သူတွေလည်း မဟုတ်ဘူး။ နိုင်ငံခြားမှာ နေတယ် ဆိုတာကလည်း တရားဥပဒေကြောင်းအရ ပေးမ၀င်နိုင်ဘူး ဆိုရင်လည်း ဒါကတမျိုး အဲလိုလည်း မရှိဘူး။ ဒါမှမဟုတ်ရင်လည်း ဗမာအစိုးရက ကျနော်တို့ကို black list သွင်းထားတယ်ဆိုရင်လည်း ကျနော်တို့ကို တရားဝင် ပြောသင့်တယ်။ ဒါမှမဟုတ် တသက်လုံး ပေးမ၀င်နိုင်ဘူးဆိုရင်လည်း ရှင်းရှင်းလင်းလင်းပြော၊ ကျနော်တို့သိချင်တာက အဲဒါပဲ။”

သံမတ်ကြီးက ပြောတဲ့အတွက် မြန်မာပြည်ကို ၀င်ရောက်ဖို့ ဆက်လက်ကြိုးစား သွား ဖို့ရှိပေမယ့် လောလောဆယ်တော့ မိသားစုကိစ္စကြောင့် နော်ဝေနိုင်ငံပြန်သွား မယ်လို့ဒီဗွီဘီကို ဖြေကြားပါတယ်။ သူဟာ မြန်မာပြည်ကို ၀င်ရောက်ခွင့်ရရင် တေးသီးချင်းစီးရီးထုတ်ဝေဖြန့်ချိမှု။ စင်မြင့်တေးဂီတဖျော်ဖြေပွဲတွေကျင်းပပြီး ကချင်စစ်ဘေးဒုက္ခသည်တွေကို လှူဒါန်းဖို့ ရည်ရွယ်တယ်လို့ ပြောပါတယ်။

လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီးဌာနကို တာဝန်ကျအရာရှိ ဒေါ်တင်တင်ဝင်းကတော့ ဗီဇာကိတ်စဟာ သံရုံးနဲ့သာ သက်ဆိုင်တယ်လို့ ပြောပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံသား ခံယူထားတဲ့ မြန်မာနိုင်ငံသား တက်ကြွလှုပ်ရှားသူတချို့လည်း ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်လောက်ကစပြီး မြန်မာနိုင်ငံတွင်း ၀င်ထွက်သွားလာမှုတွေ ရှိနေပါတယ်။

ဝင်ထွက်သွားလာနေကျသူတချို့ကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ လောက်ကစပြီး သံရုံး ၀င်ရာမှာ အရင်ကထက် ကြန့်ကြာတာနဲ့ စာရွက်စာတမ်းတွေ ပိုတောင်းလာတာတွေ ရှိတယ်လို့လည်း ပြောပါတယ်။
အဆိုတော်မွန်းအောင်မတိုင်ခင်ကလည်း နော်ဝေနိုင်ငံသားခံယူထားတဲ့ မြန်မာတချို့ ဗီဇာငြင်းပယ်ခံရတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013