DVB Logo
Home
နိုင်ငံတကာ
၂၀၂၅ ခုနှစ်က  အပူဆုံးနှစ်တနှစ်  ဖြစ်နိုင်ဟု ကုလသမဂ္ဂပြော 
DVB
·
November 7, 2025
၂၀၂၅ ခုနှစ်က  အပူဆုံးနှစ်တနှစ်  ဖြစ်နိုင်ဟု ကုလသမဂ္ဂပြော 
Donate to DVB

၂၀၂၅ ခုနှစ်ဟာ မှတ်တမ်းတွေထဲက အပူဆုံးနှစ်တွေထဲက တနှစ်ဖြစ်လာမယ့် အခြေအနေမှာ ရှိတယ်လို့ ကုလသမဂ္ဂ မိုးလေဝသ အေဂျင်စီက နိုဝင်ဘာ ၆ ရက်မှာ ပြောပါတယ်။

ကမ္ဘာ့မိုးလေဝသအဖွဲ့ (WBO) ဒုတိယအတွင်းရေးမှူးချုပ် ကိုဘာရက်က  “အချက်အလက်တွေအရ ၂၀၂၅ ခုနှစ်ဟာ မှတ်တမ်းတွေထဲက စံချိန်တင် အပူဆုံးနှစ်တွေထဲက တနှစ်ပဲ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်ဟာ အပူဆုံးနှစ်အဖြစ် စံချိန်တင်ခဲ့သလို ၂၀၂၅ ခုနှစ်ကလည်း အဲဒီလိုမျိုး အပူဆုံးဖြစ်ပါတယ်။ အပူချိန်တိုင်းတာတဲ့ ဂဏန်းသေးသေးလေးတွေက ရေကြီးတာတွေ၊ မိုးခေါင်တာနဲ့ အပူချိန် အရမ်းမြင့်တာမျိုးတွေ ဖြစ်ပေါ်စေပါတယ်” လို့ သတင်းထောက်တွေကို ပြောပါတယ်။

ကမ္ဘ့ာအပူချိန်မြင့်တက်စေတဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ် ထုတ်လုပ်မှုနဲ့ သမုဒ္ဒရာတွေမှာ အပူချိန် တိုးလာမှုတွေက ၂၀၂၄ ခုနှစ်လိုမျိုးပဲ ၂၀၂၅ ခုနှစ်မှာ အပူချိန် စံချိန်တင်ခဲ့ပါတယ်။

WBO က နိုဝင်ဘာ ၆ ရက်မှာ ကမ္ဘာလုံးဆိုင်ရာ မိုးလေဝသပြောင်းလဲမှု အစီရင်ခံစာကို  ထုတ်ပြန်ခဲ့ပြီး ၂၀၂၅ ခုနှစ် အပူချိန်က ဆက်ပြီး မြင့်တက်ခဲ့တယ်လို့  ကိုဘာရက်က အစီရင်ခံစာကို မှတ်ချက်ပေးခဲ့ပါတယ်။

အပူချိန် ၁ ဒသမ ၅ ဒီဂရီဆဲစီးယပ်စ် တိုးလာတဲ့ သတိပေးမှုတွေကို နိုင်ငံတွေက ထိန်းချုပ်ဖို့ ပျက်ကွက်တယ်လို့လည်း ကုလသမဂ္ဂအတွင်းရေးမှူး အန်တိုနီယိုဂူတာရက်က ပြောပါတယ်။

ဘရာဇီးနိုင်ငံဟာ ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေးပွဲ COP30 ကို အိမ်ရှင်အဖြစ် နိုဝင်ဘာ ၁၀ ရက်မှ  ၂၁ ရက်အထိ လက်ခံကျင်းပမှာ ဖြစ်ပါတယ်။

ကမ္ဘာကြီးဟာ အပူချိန် ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ် သတိပေးချက်တွေအပေါ် ၂၀၃၀ ပြည့်နှစ်မှာ နောက်ကြောင်းပြန်လှည့်လို့မရတဲ့ စွန့်စားမှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်တယ်လို့လည်း သိပ္ပံပညာရှင်တွေက သတိပေးထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013