DVB Logo
Home
မြန်မာသတင်း
စစ်တပ် လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုကြောင့် တလအတွင်း အမျိုးသမီး ၇၀  သေဆုံး
DVB
·
November 7, 2025
စစ်တပ် လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုကြောင့် တလအတွင်း အမျိုးသမီး ၇၀  သေဆုံး
Donate to DVB

စစ်တပ်ရဲ့ လေကြောင်းနဲ့ မြေပြင်တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာ တလတာအတွင်းမှာ နိုင်ငံတဝန်း အမျိုးသမီး အယောက် ၇၀ အသက်ဆုံးရှုံးခဲ့ရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ထုတ်ပြန်ပါတယ်။

ခုလို အသက်ဆုံးရှုံးရတဲ့အကြောင်းရင်းတွေထဲမှာတော့  စစ်တပ်ရဲ့ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၅၆ ယောက် သေဆုံးခဲ့ရသလို လက်နက်ကြီးပစ်ခတ်ခံရမှုကြောင့် ၈ ယောက်၊ မတရားသတ်ဖြတ်ခံရမှုကြောင့် ၅ ယောက်၊ မြေမြုပ်မိုင်းကြောင့် ၁ ယောက် သေဆုံးခဲ့ရပြီး အဲဒီထဲက ၁၄ ယောက်ကတော့ အသက်မပြည့်သေးတဲ့ ၁၈ နှစ်အောက် မိန်းက လေးငယ်တွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထိခိုက်ဒဏ်ရာရရှိသူဦးရေကတော့ အယောက် ၈၀ ရှိခဲ့ပြီး အဲဒီထဲမှာ လေ ကြောင်းတိုက်ခိုက်ခံရမှုကြောင့် ၆၇ ယောက်၊ လက်နက်ကြီးပစ်ခတ်ခံရမှုကြောင့် ၅ ယောက်၊ မတ ရားသတ်ဖြတ်ခံရမှုကြောင့် ၁ ယောက်၊ မြေမြှုပ်မိုင်းကြောင့် ၃ ယောက်၊ ပဋိပက္ခနဲ့ ဆက်နွှယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုကြောင့် ၄ ယောက် ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော် ပြပါတယ်။

မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ရဲ့ အချက်အလက်ကောက်ယူမှု မှတ်တမ်းတွေအရ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီးတွေထဲမှာ တိုင်းနဲ့ ပြည်နယ်အလိုက်ကြည့်မယ်ဆိုရင်တော့ ရှမ်းပြည်နယ်က ၂၃ ယောက်နဲ့ အများဆုံးဖြစ်နေပြီး သူ့နောက်မှာ မန္တလေးတိုင်းက ၁၃ ယောက်၊ စစ်ကိုင်းတိုင်းက ၁၀ ယောက်နဲ့ အများဆုံး ပါဝင်နေ တာပါ။

ဒါ့အပြင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအတွင်း ထူးခြားဖြစ်စဉ်အနေနဲ့ ၆ ရက်နေ့ ည ၈ နာရီဝန်းကျင်အချိန်မှာ မုံရွာနဲ့ ချောင်းဦးမြို့နယ်အစပ်က ချောင်းဦးမြို့နယ် မြောက်ခြမ်း တနေရာမှာ ဆီမီးထွန်းသပိတ်ပြုလုပ်နေသူတွေကို စစ်အုပ်စုက ၁၂၀ မမ လက်နက်ကြီး‌ ၂ လုံးသုံးကာ ပါရာမော်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် သေဆုံးသူ ၂၂ ယောက်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၅၅ ယောက်အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

Source : Burmese Women's Union

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013