DVB Logo
Home
မြန်မာသတင်း
ရန်ကုန်နယ်နိမိတ်အတွင်း စီးနင်းနေသည့် ဘတ္ထရီဆိုင်ကယ်များကို အရေးယူမည်
DVB
·
December 8, 2014
ရန်ကုန်နယ်နိမိတ်အတွင်း စီးနင်းနေသည့် ဘတ္ထရီဆိုင်ကယ်များကို အရေးယူမည်
Donate to DVB

ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း ဥပဒေမဲ့ဆိုင်ကယ်စီးနင်းမှုတွေကို တာဝန်ရှိအဖွဲ့အစည်းတွေက စဉ်ဆက်မပြတ် အရေးယူနေပြီး ဘတ္ထရီဆိုင်ကယ်တွေကိုလည်း အရေးယူတော့မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားလိုက်ပါတယ်။

310x240xbicycle.jpg.pagespeed.ic.I-ZUFQpCaBဒီကနေ့ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ သင်္ဃန်းကျွန်း မြို့နယ်အမတ် ဦးကျော် မေးမြန်းတဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ် အတွင်း စီးနင်းခွင့်မပြုထားသည့် မော်တော်ဆိုင်ကယ်များအား လုံးဝရပ်ဆိုင်းသွားသည်အထိ တားမြစ် အရေးယူပေးရန် အစီအစဉ် ရှိ၊ မရှိ၊ ရပ်ကွက်တွင်း သွားလာနေသည့် ဘတ္ထရီ ဆိုင်ကယ်များအား မည်သို့ အရေးယူဆောင်ရွက်မည်နည်း၊ ဝန်ထမ်းများအတွက် သီးသန့်နံပါတ်ပြားများဖြင့် ခွဲခြားခွင့်ပြုရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနဲ့ ပတ်သတ်ပြီး ပြန်လည် ဖြေကြားခဲ့တာပါ။

အခုနှစ်အတွင်း ရန်ကုန်နယ်နိမိတ်အတွင်း မော်တော်ဆိုင်ကယ်စီးနင်းမှုနဲ့ ပတ်သက်ပြီး အသိပညာပေးမှု ၈၆၅ ကြိမ် ပြုလုပ်ခဲ့ပြီး ဖမ်းဆီးမှုတွေလည်း ပြုလုပ်ခဲ့တယ်လို့ တိုင်းဝန်ကြီးက ဆိုပါတယ်။

“ဥပဒေမဲ့ဆိုင်ကယ်စီးနင်းမှုများကို တာဝန်ရှိအဖွဲ့အစည်းများမှ စဉ်ဆက်မပြတ် အရေးယူ ဆောင်ရွက်လျက်ရှိပါတယ်။ တဖက်မှာလည်း သတိပေးခြင်း၊ အသိပညာပေးခြင်း ဆောင်ရွက်လျက် ရှိသလို၊ အသိပညာပေးမှုအနေနဲ့ ၈၆၅ ကြိမ် ပညာပေးခဲ့ပြီးတော့ ဖမ်းဆီးမှု အနေနဲ့ ၂၀၁၄ ခုနှစ်အတွင်း လိုင်စင်ရှိဆိုင်ကယ် ၂၈၄၁ စီး၊ လိုင်စင်မဲ့ဆိုင်ကယ် ၄၂၉ စီး စုစုပေါင်း ၃၂၇၀ စီးအထိ ဖမ်းဆီးအရေးယူ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်”လို့ ဆက်လက် ပြောကြားပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဟာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ သဘောတူညီချက်ဖြင့် ၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၆၃ ပုဒ်မခွဲ ဃနဲ့ ပုဒ်မ ၈၅ ပုဒ်မခွဲ ခ ပါ လုပ်ပိုင်ခွင့်များ ကျင့်သုံးပြီးတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း (ဒလမြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်မပါ) ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ခွင့်ပြုချက်မရှိပဲ ဆိုင်ကယ်စီးနင်းပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရဲ့ ဥပဒေ ပုဒ်မ ၇၂ အရ အရေးယူ ဆောင်ရွက်သွားဖို့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က အမိန့်အမှတ် ၂/၂၀၁၄ကို ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်တယ်လို့သိရပါတယ်။

ဝန်ထမ်း​တွေ ​မော်​တော်​ဆိုင်ကယ်စီးနင်းခွင့်ပြုထားတာနဲ့ပတ်သတ်ပြီးဝန်ကြီးက 
"ဘတ္ထရီဆိုင်ကယ်များကိုလည်း ​မော်​တော်ဆိုင်ကယ်နည်းတူထိ​ရောက်စွာ အ​ရေးယူသွားမှာဖြစ်ပါတယ်။ ဝန်ထမ်းများအ​နေနဲ့သီးသန့်နံပါတ်ပြားခွဲ၍ စီးနင်းခွင့်ပြုရန်အစီအစဉ်မရှိပဲနဲ့ အများနည်းတူပဲ ဥပ​ဒေနဲ့အညီလိုက်နာ​ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျ​နော်တို့ လျှပ်စစ်ဝန်ထမ်း​တွေ တချို့စည်ပင်ဝန်ထမ်း​တွေ အ​ရေးကြီးတဲ့ဝန်ထမ်း​လောက်ပဲမှတ်ပုံတင်ပြီး​တော့ ခွင်ပြုထားတာရှိပါတယ်။ ကျန်တာကို​တော့ အချိန်နဲ့တ​ပြေးညီဖမ်းဆီးအ​ရေးယူလျက်ရှိပါတယ်"လို့ ဆိုပါတယ်။

ဒါ့အပြင် တရားမဝင်ဆိုင်ကယ်ကယ်ရီဂိတ်တွေကိုလည်း တားဆီးပိတ်ပင်ခြင်းနဲ့ အရေးယူဖို့ အဖွဲ့ ဖွဲ့စည်းပြီး အခုထက်ပိုမိုပြီး အရှိန်အဟုန်မြင့် ဆောင်ရွက်သွားမှာ ဖြစ်ပြီး ဆိုင်ကယ်မစီးရဆိုတဲ့ ဆိုင်းဘုတ်တွေကို လမ်းဆုံလမ်းခွတွေမှာစိုက်ထူခြင်း၊ ပညာပေးစာတွေဖြစ်တဲ့ ဘေဘုတ်စိုက်ထူ ခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ဖို့ စီစဉ်ဆောင်ရွက်ထားတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013