DVB Logo
Home
နိုင်ငံတကာ
ချားလ်ဘုရင်က AI Developer များကို ၂၀၂၅ အဲလိဇဘက် အင်ဂျင်နီယာဆု ချီးမြှင့် 
DVB
·
November 6, 2025
ချားလ်ဘုရင်က AI Developer များကို ၂၀၂၅ အဲလိဇဘက် အင်ဂျင်နီယာဆု ချီးမြှင့် 
Donate to DVB

AI developer တွေကို အဲလိဇဘက် ဘုရင်မကြီးရဲ့ ၂၀၂၅ အင်ဂျင်နီယာဆု ချားလ်ဘုရင်က ချီးမြှင့်ခဲ့ပါတယ်။

ချားလ်ဘုရင်ဟာ နိုဝင်ဘာ ၅ ရက်က လန်ဒန်မှာရှိတဲ့ စိန့်ဂျိမ်းနန်းတော်မှာ AI နည်းပညာကို ဖန်တီးခဲ့သူ ၇ ယောက်ကို အင်ဂျင်နီယာထူးချွန်ဆု ချီးမြှင့်ခဲ့တာပါ။

လူမှုအကျိုးပြုလုပ်ငန်းအတွက် အကျိုးပြုတဲ့ အင်ဂျင်နီယာပညာရှင်တွေကို နှစ်စဉ် ပေါင် ၅၀၀,၀၀၀ ချီးမြှင့်ပြီး ဒီနှစ်အတွက် AI နည်းပညာဖန်တီးသူတွေကို ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

အဲဒီအထဲမှာ machine learning ကို အခြေခံကျတဲ့ နေ့စဉ်သုံးအဖြစ် ဖန်တီးခဲ့တဲ့ ရိုရှိုအဘန်ဂျို၊ ဂျက်ဖရီဟင်တန်၊ ဂျွန်ဟော့ဖီးနဲ့ ယန်လုကန် တို့နဲ့ Nvidia က ဂျန်ဆန်ဟူအန်၊ ဘေလ်ဒယ်လီတို့ အပါအဝင် ImageNet ဖန်တီးသူ ဖေးဖေးလီတို့ကို ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

အဲဒီဆုပေးပွဲမှာ ဂျန်ဆန်ဟူအန်ကို ချားလ်ဘုရင်က ၂၀၂၃ ခုနှစ် ကမ္ဘာ့ပထမဆုံး AI ထိပ်သီး အစည်းအဝေးပွဲမှာ ပြောခဲ့တဲ့ မိန့်ခွန်းပါတဲ့စာကို ပေးခဲ့ပါတယ်။

အဲဒီစာထဲမှာ IA ရဲ့ အန္တရာယ်ကို ကောင်းတဲ့ဘက်မှာ အသုံးချဖို့၊ လုံခြုံမှုရှိဖို့ လိုအပ်တယ် ဆိုတာနဲ့ မကောင်းတဲ့ဘက်မှာ အသုံးပြုနိုင်တယ်ဆိုတဲ့ သတိပေးချက်တွေ ပါဝင်တယ်လို့ ဂျန်ဆန်ဟူအန်က ပြောပါတယ်။

ချားလ်ဘုရင်ဟာ အဲဒီဆုချီးမြှင့်ပွဲမှာ ၂၀၂၄ ခုနှစ်အတွက် လေအားစွမ်းအင်လေ့လာသူ အန်ဒရူးဂျာရတ်နဲ့ ဟန်ရစ်ဆိုက်ဒဲလ် တို့ကိုလည်း ၂၀၂၄ ခုနှစ်အတွက် ဆုတွေ ချီးမြှင့်ခဲ့ပါသေးတယ်။

ဘုရင်မကြီး အဲလိဇဘက်ဆုကို ကမ္ဘာပေါ်မှာရှိတဲ့ လူမှုအကျိုးပြု အင်ဂျင်နီယာ ပညာရှင်တွေကို ပေးအပ်တဲ့ လွတ်လပ်တဲ့ ဖောင်ဒေးရှင်းအဖြစ် ၂၀၁၂ ခုနှစ်မှာ စတင်ခဲ့တာပါ။ ၂၀၁၃ ခုနှစ်မှာ ပထမဆုံးအကြိမ် အင်ဂျင်နီယာဆု ပေးအပ်ခဲ့တာပဲ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013