DVB Logo
Home
နိုင်ငံတကာ
ရွေးကောက်ခံရသည့် နယူးယောက်ခ်မြို့တော်ဝန် မမ်ဒါနီကို လန်ဒန်မြို့တော်ဝန် ဂုဏ်ပြု
DVB
·
November 6, 2025
ရွေးကောက်ခံရသည့် နယူးယောက်ခ်မြို့တော်ဝန် မမ်ဒါနီကို လန်ဒန်မြို့တော်ဝန် ဂုဏ်ပြု
Donate to DVB

အမေရိကန်နိုင်ငံ နယူးယောက်မြို့တော်ဝန် ရွေးကောက်ပွဲမှာ ဇိုရန် မမ်ဒါနီရဲ့ အောင်ပွဲကို “အံ့သြစရာကောင်းတဲ့ အောင်ပွဲ” အဖြစ် ဗြိတိန်နိုင်ငံက လန်ဒန်မြို့တော်ဝန် ဆာဒစ်ခန်းက နိုဝင်ဘာ ၅ ရက်မှာ ချီးကျူးခဲ့ပြီး “ကြောက်ရွံ့မှုထက် မျှော်လင့်ချက်ကို ရွေးချယ်ခဲ့တဲ့” နယူးယောက်သားတွေကို ဂုဏ်ပြုခဲ့ပါတယ်။

အသက် ၃၄ နှစ်အရွယ် ဒီမိုကရက်တစ် ဆိုရှယ်လစ်တယောက်ဖြစ်တဲ့ မမ်ဒါနီဟာ ကော်ပိုရေးရှင်းတွေနဲ့ ချမ်းသာသူတွေအပေါ် အခွန်တိုးမြှင့်မယ်လို့ ကတိပြုပြီး မြို့တော်ဝန် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။

ဥပမာ- ငှားရမ်းခ ရပ်ဆိုင်းတာ၊ အခမဲ့ ကလေးထိန်းစောင့်ရှောက်မှုနဲ့ အခမဲ့ မြို့တွင်းဘတ်စ်ကားတွေလိုမျိုး ရည်မှန်းချက်ကြီးမားတဲ့ လက်ဝဲယိမ်း မူဝါဒတွေအတွက် ပေးချေဖို့ အခွန်တိုးမြှင့်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအောင်ပွဲကြောင့် မမ်ဒါနီဟာ အမေရိကန်ရဲ့ အကြီးဆုံးမြို့မှာ ပထမဆုံး မွတ်စလင်မြို့တော်ဝန် ဖြစ်လာမှာပါ။

၂၀၁၆ ခုနှစ်က ဗြိတိန်မြို့တော်မှာ ရွေးကောက်ပွဲ အောင်ပွဲ ၃ ခုထဲက ပထမဆုံးအောင်ပွဲရရှိချိန်မှာ အနောက်တိုင်းမြို့တော်ရဲ့ ပထမဆုံး မွတ်စလင်မြို့တော်ဝန် ဖြစ်လာတဲ့ ခန်းရဲ့ခြေရာကို လိုက်လာမှာလည်း ဖြစ်ပါတယ်။

မမ်ဒါနီလိုပဲ ခန်းရဲ့ နောက်ခံအခြေအနေက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေကို ခံခဲ့ရပြီး မကြာသေးမီနှစ်တွေအတွင်း သူတို့ ၂ ယောက် အကြိမ်ကြိမ် ထိပ်တိုက် တွေ့ခဲ့ကြပါတယ်။

ထရမ့်ပ်က ခန်းကို “အရှုံးသမား” လို့ ခေါ်ဆိုခဲ့ပြီး လန်ဒန်မှာ ရှာရီယာဥပဒေ ပြဋ္ဌာန်းချင်သူလို့ ပြောဆိုခဲ့ပါတယ်။

၂၀၂၁ နဲ့ ၂၀၂၄ မှာ ပြန်လည်ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ ခန်းက စက်တင်ဘာလမှာ ထရမ့်ပ်ဟာ လူမျိုးရေးခွဲခြားသူ၊ လိင်ခွဲခြားသူ၊ အမျိုးသမီးမုန်းတီးသူနဲ့ အစ္စလာမ်ဘာသာကို မုန်းတီးသူ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

“လန်ဒန်ဟာ နယူးယောက်လိုပဲ လစ်ဘရယ်၊ ယဉ်ကျေးမှုပေါင်းစုံ၊ တိုးတက်တဲ့မြို့တမြို့ဖြစ်ပြီး အလွန်အောင်မြင်ပါတယ်။ ကျနော်တို့ဟာ ဒေါ်နယ်ထရမ့်ပ်ရဲ့ အရာအားလုံးနဲ့ ဆန့်ကျင်ဘက်ပါပဲ” လို့ ခန်းက ပြောပါတယ်။

လူ့အခွင့်အရေးသင်တန်း တက်ရောက်ထားတဲ့ ရှေ့နေတယောက် ဖြစ်ပြီး ဝန်ကြီးချုပ် ကီယာ စတာမာရဲ့ အလုပ်သမားပါတီဝင် ခန်းဟာ COP30 သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အစည်းအဝေး မတိုင်ခင် ဘရာဇီးနိုင်ငံမှာ ရှိနေခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013