DVB Logo
Home
မြန်မာသတင်း
ဖိလစ်ပိုင်တွင် ဟာဂူပစ်မုန်တိုင်းကြောင့် လူ ၁ သန်း ဘေးကင်းရာကယ်ဆယ်၊ ၃ ဦး သေဆုံး
DVB
·
December 8, 2014
ဖိလစ်ပိုင်တွင် ဟာဂူပစ်မုန်တိုင်းကြောင့် လူ ၁ သန်း ဘေးကင်းရာကယ်ဆယ်၊ ၃ ဦး သေဆုံး
Donate to DVB

ဖိလစ်ပိုင်နိုင်ငံကို ဖြတ်သန်းတိုက်ခတ်နေတဲ့ ဟာဂူပစ်မုန်တိုင်းဟာ အင်အား ကျလာပေမယ့် ဖြည်းဖြည်းပဲ ရွှေ့လျားနေတာကြောင့် ပျက်စီးဆုံးရှုံးမှု များပြားမယ့် အခြေအနေ ရှိနေပါတယ်။

Philipineပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံကို စတင်ဝင်ရောက်ခဲ့ပြီး ပထမပိုင်းက စိုးရိမ်ခဲ့သလောက်တော့ မုန်တိုင်းက မပြင်းထန်ပါဘူး။

လက်ရှိအချိန်အထိ လူ ၃ ဦးသေဆုံးခဲ့ပြီး လူဦးရေ ၁ သန်းလောက် ဘေးကင်းရာဒေသတွေမှာ ကယ်ဆယ်ထားပါတယ်။

ပြီးခဲ့တဲ့နှစ်က တိုက်ခတ်ခဲ့တဲ့ ဟိုင်ရန်မုန်တိုင်းရဲ့ ပြင်းအားကို မယှဉ်လောက်ပေမယ့် လေတိုက်နှုန်း ၉၀ မိုင်နှုန်းလို့ သိရပါတယ်။

မနှစ်ကထက်တော့ အချိန်ယူ ပြင်ဆင်ခွင့်ရခဲ့တယ်လို့လည်း အာဏာပိုင်တွေက ဆိုပါတယ်။

စနေနေ့က မုန်တိုင်းပထမဆုံးဝင်ရောက်ခဲ့တဲ့ နိုင်ငံအရှေ့ပိုင်းက ဒိုလိုရစ်မြို့မှာတော့ အိမ်ခြေ ၈၀ ရာခိုင်နှုန်းလောက်ပျက်စီးခဲ့ပြီး လူတဦး သစ်ပင်ပိပြီး သေဆုံးခဲ့ပါတယ်။ ၂ ဦးကတော့ နိုင်ငံအလယ်ပိုင်းမှာ အအေးပတ်ပြီး သေဆုံးခဲ့တာပါ။

မုန်တိုင်းလမ်းကြောင်းမှာရှိတဲ့ မြို့ကြီးတွေမှာ ပျက်စီးဆုံးရှုံးမှုတွေ ပိုများနိုင်ပေမယ့် ဆင်းရဲတဲ့နိုင်ငံမြောက်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေက ပိုပြီး စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

ဖိလစ်ပိုင်ကြက်ခြေနီအဖွဲ့က ဒီဒေသတွေကို သွားရောက်ဖို့ ကြိုးစားပေမယ့် ရေကြီးရေလျှံမှုတွေနဲ့ လမ်းပြတ်တောက်မှုတွေကြောင့် ခရီးမပေါက်သေးပါဘူး။ ဒါကြောင့် ပျက်စီးမှုအတိုင်းအတာကိုလည်း မသိနိုင်သေးပါဘူး။

ရွေ့လျားမှုနှေးကွေးတဲ့မုန်တိုင်းဖြစ်တာကြောင့် မိုးများမှာ ဖြစ်ပြီး မြေပြိုမှုတွေလည်း ပိုဖြစ်နိုင်ပါတယ်။

ကမ်းခြေဒေသတွေက လူဦးရေ ၂ သောင်းလောက်ကိုလည်း ကယ်ဆယ်ရေးဌာန ၂၆ ခုမှာ ယာယီ နေရာချပေးထားပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ၀င်ရောက်တိုက်ခတ်ခဲ့တဲ့ ဟိုင်ရန်မုန်တိုင်းကတော့ မှတ်တမ်း တင်ခဲ့သမျှ ကုန်းတွင်းမုန်တိုင်းတွေထဲမှာ အင်အားအပြင်းထန်ဆုံးဖြစ်ခဲ့ပြီး လူ ၇ ထောင်ကျော် သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013