DVB Logo
Home
မြန်မာသတင်း
PPP ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် သားဖြစ်သူတို့ လူသတ်မှုဖြင့် ဖမ်းဆီးခံရ
DVB
·
November 6, 2025
PPP ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် သားဖြစ်သူတို့ လူသတ်မှုဖြင့် ဖမ်းဆီးခံရ
Donate to DVB

တန်ဆောင်မုန်း သူခိုးကြီးညက နေအိမ်မှာ ကြက်လာခိုးတဲ့ အမျိုးသားတယောက်ကို ရိုက်နှက် သတ်ဖြတ်ခဲ့မှုနဲ့ တောင်ကြီးမြို့က ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ရဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းရွှေထီးနဲ့ သားဖြစ်သူ စိုင်းကျော်စိုးမိုးတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၅ ရက် မနက် ၂ နာရီခွဲလောက်မှာ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ရပ်ကွက် ၁ နယ်မြေ ၂ မှာနေတဲ့ ဦးစိုင်းထွန်းဆာက လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းရွှေထီးရဲ့ ခြံထဲရှိ ကြက်ကို ဝင်ခိုးခဲ့ရာ သားအဖ ၂ ယောက်က  တုတ်နဲ့ ဝိုင်းဝန်းရိုက်နှက်လို့  သေဆုံးသွားတာလို့  မြို့ခံတယောက်က ပြောပါတယ်။ 

“သူခိုးညမှာ ချက်စားဖို့ အိမ်ဘေးနားကလူက သူ့ခြံထဲက ကြက်ကိုဝင်ခိုးတာ။  ဦးရွှေထီးတို့ သားအဖမြင်ပြီး တုတ်နဲ့ ခြေထောက်တွေ၊ ခေါင်းတွေ၊ လက်တွေကို ရိုက်တာ နေရာမှာတင် ပွဲချင်းပြီးပဲ၊ သေတဲ့လူက သူရဲ့ဘေးအိမ်က အရပ်ထဲကလူ၊ မွေးမြူရေးလုပ်တာ သူတို့သားအဖကို နေ့လယ်ကပဲ ရဲတွေ ဖမ်းသွားတယ်။” 

ပြစ်မှုကျူးလွန်သူ ဦးစိုင်းရွှေထီးနဲ့  စိုင်းကျော်စိုးမိုးတို့ကို  အေးသာယာနယ်မြေရဲစခန်းက ဖမ်းဆီးပြီး (ပ)အမှတ် ၇၁ /၂၀၂၅ ၊ပုဒ်မ ၃၀၂/ ၁၁၄ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

“သူခိုးကြီးညအတွက် အပျော်သဘောနဲ့ တရပ်ကွက်တည်းနေတဲ့သူက အပျော်သဘောနဲ့ ကြက်လေး ခိုးစားတာတောင် လူတယောက် ရိုက်သတ်ဆိုရင်။ လွှတ်တော်ကိုယ်စားလှယ် ဖြစ်သွားလို့ အာဏာသာ ရသွားရင် မလွယ်ဘူး။ တော်သေးတယ်၊ ဒီလိုလူမျိုးတွေ လွှတ်တော်ကိုယ်စားလှယ် မဖြစ်တော့တာ။ အခုစခန်းက ပုဒ်မ ၂ ခုနဲ့ အမှုဖွင့်ထားတယ်။” 

စစ်အုပ်စုက ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဦးစိုင်းရွှေထီးက အချိုးကျ PR စနစ်နဲ့ ပြည်သူ့ရှေ့ဆောင် PPP ပါတီက  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် မဲဆန္ဒနယ် ၁ မှာ ဝင်ရောက်ယှဥ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013