DVB Logo
Home
နိုင်ငံတကာ
အမေရိကန် လေဆိပ်တခုအနီး UPS ကုန်တင်လေယာဉ်ပျက်ကျ၊ အနည်းဆုံး ၇ ဦးသေဆုံး
DVB
·
November 5, 2025
အမေရိကန် လေဆိပ်တခုအနီး UPS ကုန်တင်လေယာဉ်ပျက်ကျ၊ အနည်းဆုံး ၇ ဦးသေဆုံး
Donate to DVB

အမေရိကန်ပြည်ထောင်စု၊ ကင်တပ်ကီပြည်နယ်၊ လူးဝစ်ဗယ်မြို့ လေဆိပ်အနီးမှာ  UPS  ကုန်တင်လေယာဉ်တစ်စင်း ပျံတက်ပြီး မကြာခင်မှာပဲ ပျက်ကျခဲ့တဲ့အတွက် အနည်းဆုံး လူ ၇ ယောက် သေဆုံးပြီး ၁၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေက အတည်ပြုပါတယ်။

ဟိုနိုလူလူမြို့ကို ဦးတည်ပျံသန်းမယ့် UPS လေကြောင်းလိုင်း ခရီးစဉ်အမှတ် ၂၉၇၆ ဟာ ဒေသစံတော်ချိန် ညနေ ၅ နာရီ ၁၅ မိနစ်လောက်မှာ လူးဝစ်ဗယ်  မိုဟာမက်အလီ   အပြည်ပြည်ဆိုင်ရာလေဆိပ်အနီးမှာ ပျက်ကျခဲ့တာလို့ ဖက်ဒရယ်လေကြောင်း စီမံအုပ်ချုပ်ရေးဌာန (FAA) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ 

McDonnell Douglas MD-11 အမျိုးအစား လေယာဉ်ပျက်ကျမှုကြောင့် မြေပြင်မှာ မီးလောင်မှုတွေ ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။

ကင်တပ်ကီပြည်နယ်အုပ်ချုပ်ရေးမှူး အန်ဒီဘီရှီးရားကတော့ သေဆုံးသူအရေအတွက်ဟာ ဒီထက်ပိုများလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ လေယာဉ်ပျက်ကျတဲ့နေရာဟာ စက်မှုလုပ်ငန်းဇုန်ထဲက စီးပွားရေးလုပ်ငန်းနှစ်ခုအနီးမှာ ဖြစ်ပွားခဲ့တာလို့လည်း ဆက်ပြောပါတယ်။

လေယာဉ်ဟာ ပြန်လည်အသုံးပြုပစ္စည်းစက်ရုံကို တိုက်ရိုက်ထိမှန်ခဲ့ကာ ကားအပိုပစ္စည်းဆိုင်တဆိုင်အနီး ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်မှာ အန္တရာယ်ရှိတဲ့ ကုန်ပစ္စည်းတွေတော့ မပါဝင်ဘူးလို့လည်း အုပ်ချုပ်ရေးမှူးက အတည်ပြုထားပါတယ်။

လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်ပြေးလမ်းအလွန်က စက်မှုဇုန်ထဲမှာ မီးလောင်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ညနေခင်းကောင်းကင်မှာ မီးခိုးမည်းလုံးကြီးတွေ တက်လာခဲ့တယ်လို့ CBS ရုပ်သံလိုင်းခွဲ WLKY က ထုတ်လွှင့်ပါတယ်။ 

အာဏာပိုင်တွေကတော့ လေဆိပ်ရဲ့ ၅ မိုင်ပတ်လည်မှာ နေထိုင်သူတွေကို အိမ်ထဲမှာပဲ နေကြဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးဖို့အတွက် သက်ဆိုင်ရာက လုပ်ဆောင်နေပြီး ဘိုးရင်းလေယာဉ်ကုမ္ပဏီကတော့ ဒီဖြစ်ရပ်ကြောင့် ထိခိုက်နစ်နာခဲ့ရသူတွေ အားလုံးအတွက် စိုးရိမ်မိကြောင်းနဲ့ စုံစမ်းစစ်ဆေးရေးလုပ်ငန်းတွေမှာ နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးသွားမယ်လို့ ပြောပါတယ်။

Source: The Guardian/ CNN

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013