၁၉၈၉ ခုနှစ်က ချက်ကိုစလိုဗက်ကီးယားနိုင်ငံမှာ ကွန်မြူနစ်အုပ်ချုပ်ရေးကို အဆုံးသတ်စေခဲ့တဲ့ ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲတခုဖြစ်တဲ့ ကတ္တီပါတော်လှန်ရေး ၃၇ နှစ် ပြည့်မြောက်တဲ့ နှစ်ပတ်လည်နေ့ကို ချက်နိုင်ငံသားတွေက နိုဝင်ဘာ ၁၇ ရက်မှာ ကျင်းပခဲ့ကြပါတယ်။
၁၉၈၉ ခုနှစ်က ကျောင်းသားတွေရဲ့ ချီတက်ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့နေ့ကို အောက်မေ့သတိရတဲ့ အနေနဲ့ လူထောင်ပေါင်းများစွာဟာ ပရာ့ဂ်မြို့တော်က မြို့ဟောင်းရင်ပြင်မှာ စုဝေးပြီး ဖယောင်းတိုင်တွေ ထွန်းညှိခဲ့ကြပါတယ်။
ဒီဖြစ်ရပ်ဟာ အစိုးရကို ဆန့်ကျင်တော်လှန်သူ ဗက်ဆလပ် ဟာဗယ် အာဏာရလာစေဖို့နဲ့ တပါတီအုပ်ချုပ်ရေး စနစ်ကို အဆုံးသတ်စေဖို့ ဦးတည်ခဲ့တဲ့ လူထုအုံကြွမှုကို ဖြစ်ပေါ်စေခဲ့ပါတယ်။
၁၉၉၃ ခုနှစ်မှာ ချက်ကိုစလိုဗက်ကီးယားနိုင်ငံဟာ ချက်နဲ့ စလိုဗက် ၂ နိုင်ငံအဖြစ် ငြိမ်းငြိမ်းချမ်းချမ်း ခွဲထွက်ခဲ့ကြပါတယ်။
၂ နိုင်ငံစလုံးဟာ ဥရောပသမဂ္ဂ (EU) နဲ့ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) တို့မှာလည်း အသီးသီး ပါဝင်ကြပြီး ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကို ဆက်ထိန်းသိမ်းထားခဲ့ကြပါတယ်။
Source: Reuters











