DVB Logo
Home
မြန်မာသတင်း
ကင်ဂျုံအန်းကို သရော်ထားသည့် ရုပ်ရှင်ကြောင့် ဆိုနီရုပ်ရှင်ကုမ္ပဏီ ကွန်ပြူတာ တိုက်ခိုက်ခံရ
DVB
·
December 8, 2014
ကင်ဂျုံအန်းကို သရော်ထားသည့် ရုပ်ရှင်ကြောင့် ဆိုနီရုပ်ရှင်ကုမ္ပဏီ ကွန်ပြူတာ တိုက်ခိုက်ခံရ
1 / 2
Donate to DVB

992x558xrt_kim_jong_un_mt_141203_16x9_992.jpg.pagespeed.ic.VRIxbTdh3Vပြီးခဲ့တဲ့ ၁ ပတ်က ဆိုနီရုပ်ရှင်ကုမ္ပဏီရဲ့ ကွန်ပြူတာတွေ တိုက်ခိုက်ခံရမှုကို မြောက်ကိုရီးယားနိုင်ငံက လုပ်ဆောင်ခဲ့တာ မဟုတ်ပဲ မြောက်ကိုရီးယားကို စာနာ ထောက်ခံသူတွေ လုပ်ဆောင်ခဲ့တာ ဖြစ်နိုင်တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာနက ဒီဇင်ဘာ ၇ ရက်နေ့က ကြေညာပါတယ်။

အခုနှစ်ကုန်ပိုင်းမှာ ဆိုနီရုပ်ရှင်ကုမ္ပဏီက ထုတ်တော့မယ့် အင်တာဗျူး (Interview) ဆိုတဲ့ ရုပ်ရှင်ကားဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းကို သရော်ထားတဲ့ ရုပ်ရှင်ဖြစ်တာကြောင့် ဒါဟာ မြောက်ကိုရီးယားကို စစ်ရေးအရ တိုက်ခိုက်တာလို့ စွပ်စွဲထားတာပါ။

ဒါကြောင့် အခုလို့ ကွန်ပြူတာတွေ တိုက်ခိုက်ခံရတယ်ဆိုရင်လည်း ဖြစ်သင့်ဖြစ်ထိုက်တယ် လို့လည်း ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို မြောက်ကိုရီးယားနိုင်ငံကို စွပ်စွဲခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံကိုလည်း မြောက်ကိုရီးယားနိုင်ငံက ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ နည်းပညာတိုက်ပွဲ ဆင်နွှဲနိုင်လောက်တဲ့အထိ စွမ်းရည်ရှိတယ်လို့ နည်းပညာကျွမ်းကျင်သူတွေ ပြောဆိုကြပြီး များသောအားဖြင့်ကတော့ တောင်ကိုရီးယားအစိုးရကို အဓိက ပစ်မှတ်ထား တိုက်ခိုက်တာပါ။

အခု ဆိုနီရုပ်ရှင်ကုမ္ပဏီ တိုက်ခိုက်ခံရမှုမှာတော့ ကုမ္ပဏီရဲ့ အရေးကြီးအချက်အလက်တွေ ထိုးဖောက်ခံရပြီး ကွန်ပြူတာစနစ်တွေ ရပ်ဆိုင်သွားခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013