
People မဂ္ဂဇင်းရဲ့ ၂၀၂၅ ခုနှစ် ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံး အမျိုးသားအဖြစ် Wicked စတား ဂျွန်နသန်ဘေလီကို ရွေးချယ်ခဲ့ပါတယ်။
အသက် ၃၇ နှစ်အရွယ်ရှိ အင်္ဂလန်သရုပ်ဆောင် ဘေလီဟာ Wicked ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်သလို Jurassic World: Rebirth ဇာတ်ကားမှာလည်း ပါဝင်ခဲ့သူ ဖြစ်ပါတယ်။
ဘေလီဟာ Netflix ရဲ့ နာမည်ကြီးဇာတ်လမ်းတွဲ Bridgerton မှာ လော့အန်တိုနီ အဖြစ် သရုပ်ဆောင်ခဲ့သူအဖြစ် လူသိများပါတယ်။
People မဂ္ဂဇင်းရဲ့ ၂၀၂၅ ခုနှစ်အတွက် ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံး အမျိုးသားအဖြစ် People မဂ္ဂဇင်း အယ်ဒီတာအဖွဲ့က ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်အတွက် ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတာဟာ ဘေလီအတွက် gay ထဲမှာ ပထမဆုံး ဒီဆုကို ဆွတ်ခူးခဲ့တာပဲ ဖြစ်ပါတယ်။
Source: Reuters











