DVB Logo
Home
မြန်မာသတင်း
သင်္ဃန်းကျွန်းမြို့နယ်၌  လူငယ် ၁ ဦး ဆွဲကြိုးချ သေဆုံး 
DVB
·
November 3, 2025
သင်္ဃန်းကျွန်းမြို့နယ်၌  လူငယ် ၁ ဦး ဆွဲကြိုးချ သေဆုံး 
Donate to DVB

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဘဝမြင့်ရပ်ကွက်၊ ရတနာလမ်းမှာ လူငယ် အမျိုးသား တယောက် နိုဝင်ဘာ ၃ ရက် မနက် ၂ နာရီကျော်လောက်က ဆွဲကြိုးချ သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးတဲ့ ပရဟိတအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

သေဆုံးသူက အသက် ၂၀ ကျော်လောက်ရှိတဲ့ လူငယ်တယောက်ဖြစ်ပြီး ရတနာလမ်းဘက်အခြမ်း ဗဟိုလမ်းမကြီးပေါ်က ဗာဒံပင်တပင်မှာ လည်ပင်းကို ဆွဲကြိုးချသေတဲ့ အနေအထားတွေ့ရတယ်လို့ ဆိုပါတယ်။

ကူညီကယ်ဆယ်ရေးလုပ်ပေးခဲ့သူနဲ့ နီးစပ်သူတယောက်က “နိုဝင်ဘာ ၃ ရက်မနက် ၂ နာရီ ကျော် လောက်ကဖြစ်သွားတာ။ သင်္ဃန်းကျွန်းမြို့နယ်ထဲမှာပဲ ကြိုးဆွဲချသေဆုံးထားတာတွေ့တယ်ဆိုပြီး ပရဟိတအဖွဲ့တွေကို အကြောင်းကြားလို့ သွားရောက်သယ်ယူကာ သင်္ဃန်းကျွန်း စံပြဆေးရုံကို ပို့ပေးထားတယ်”လို့ ပြောပါတယ်။

သေဆုံးသွားတဲ့လူငယ်နဲ့ ပတ်သက်ပြီး ဘယ်သူဘယ်ဝါဆိုတာနဲ့ ဘာကြောင့် သတ်သေတာလဲဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

ရန်ကုန်မှာ အလားတူ ဖြစ်စဥ်မျိုးတွေ မကြာခဏဖြစ်ပေါ်နေပြီး အောက်တိုဘာ ၈ ရက်ကလည်း တာမွေမြို့နယ်က နေအိမ်တအိမ်မှာ ရေချိုးခန်းထဲ အမျိုးသားတယောက် ဆွဲကြိုးချ သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013