DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းမြို့နယ်၌ စစ်တပ်က ဗုံးကြဲ၊ အရပ်သား ၂ ဦး သေဆုံးပြီး စာသင်ကျောင်း ပျက်စီး
DVB
·
July 27, 2026
Photo: Local
Photo: Local
Donate to DVB

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တလိုင်းကျွန်းကျေးရွာရှိ စာသင်ကျောင်းကို စစ်အာဏာရှင်တပ်က မနေ့ည သန်းခေါင်ကျော် ဇူလိုင် ၂၇ ရက် မနက်အစောပိုင်း ၁၂ နာရီ ကျော်လောက်မှာ လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်လို့ အရပ်သား ၂ ယောက် သေဆုံးသွားတယ်လို့ ရွာသားတွေထံက သိရပါတယ်။

ဒေသခံ ရွာသားတယောက်က “ည ၁၂ နာရီ ကျော်ကြီးကို လာကြဲချသွားတာ။ အဲဒီအချိန်က အိပ်ကောင်းနေတဲ့ အချိန်ကြီးလေ။ ဘယ်သူမှ ရှောင်ချိန်မရလိုက်ကြဘူးဗျ။ သေတာက အသက် ၄၅ နှစ်အရွယ် ဦးဒေါင်းလင်းနဲ့ အသက် ၄၄ နှစ်အရွယ် ဒေါ်စန်းလွင်ဆိုတဲ့ လင်မယား ၂ ယောက် သေဆုံးခဲ့ရတာ။ နောက်ပြီး နွားတကောင်လည်း ထပ်မံသေဆုံးခဲ့ရ‌သေးတယ်။ ရွာက စာသင်ကျောင်းအဆောင်လည်း အကုန်လုံး ပျက်စီးတယ်” ပြောပါတယ်။

တလိုင်းကျွန်းရွာကို တံတားဦးလေတပ်ကနေ တက်လာတဲ့ တိုက်လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်သွားတာလို့လည်း သိရပါတယ်။

စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တယောက်က “လူ ၂ ဦး သေတာတင် ဘယ်ကမလဲ။ စာသင်ကျောင်းဆောင် ၄ ဆောင်နဲ့ လူနေအိမ် ၃ လုံးလည်း ဗုံးထိမှန် ပျက်စီးခဲ့သေးတယ်”လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်အားလုံးကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်ပြုလုပ်နေပြီး အရပ်သား သေဆုံးဒဏ်ရာရတာတွေလည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013