DVB Logo
Home
မြန်မာသတင်း
ကရင်နီနှင့် ကယန်းဒေသတွင် အောက်တိုဘာလအတွင်း စစ်တပ်ဘက်က အယောက် ၅၀ သေဆုံး
DVB
·
November 1, 2025
ကရင်နီနှင့် ကယန်းဒေသတွင် အောက်တိုဘာလအတွင်း စစ်တပ်ဘက်က အယောက် ၅၀ သေဆုံး
1 / 2
Donate to DVB

ကရင်နီပြည်နယ်နဲ့ ကယန်းဒေသမှာ အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၅၀ သေဆုံးတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF က နိုဝင်ဘာလ ၁ ရက် ဒီနေ့ထုတ်ပြန်ပါတယ်။

ကရင်နီနဲ့ ရှမ်းပြည်နယ်စပ်တွေမှာ စစ်ကောင်စီတပ်က စစ်မျက်နှာ ၅ ခုဖွင့်ပြီး စစ်ကြောင်းထိုးတဲ့အတွက် တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အပါအဝင် ပေါ်တာဆွဲထားသူတွေလည်း သေဆုံးတာရှိတယ်လို့ သိရပါတယ်။

မြေပြင်ရဲဘော်တယောက်က “စစ်ကောင်စီက စစ်ကြောင်းထိုးနေတာ တလက်မရရင် တလက်မလောက် တိုးနေတာမျိုးပေါ့။ ထိုးစစ်ကပိုနာတယ်။ ပစ(ပြည်သူ့စစ်)တွေ ထိုးကျွေးခံရတာ၊ တခုရှိတာကတော့ သူတို့ကလူများတော့ သူတို့တောက်လျှောက်သေလည်း ကျနော်တို့သေနတ်ရဖို့ ခက်သွားတာပေါ့” လို့ ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်၊ လွိုင်ကော်မြို့နယ်၊ မိုးဗြဲမြို့နယ်၊ ဘောလခဲမြို့နယ်နဲ့ ဖရူဆိုမြို့နယ်ထဲကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေတာ ၃ လကျော်နေပြီဖြစ်ပြီး ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေတာပါ။

အောက်တိုဘာလအတွင်း စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၆ ကြိမ်ရှိခဲ့ပြီး လက်နက်ကြီးနဲ့ ဒရုန်းကြောင့် အရပ်သားပြည်သူ ၁ ယောက် သေဆုံး၊ ထိခိုက်ဒဏ်ရာရသူ ၃ ယောက် ထက်မနည်း ရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က စစ်ကြောင်းမထိုးခင်မှာလည်း ပြည်သူ့နေအိမ်မီးရှို့တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာတွေကြောင့် တလအတွင်း နေအိမ် ၂၉ လုံး ထိခိုက်ပျက်စီး ခဲ့ရပြီး ဘာသာရေးအဆောက်အအုံတခုလည်း ပျက်စီးခဲ့ရတယ်လို့ PKPK က ထုတ်ပြန်ထားပါတယ်။

၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ် အောက်တိုဘာလအထိ ကရင်နီနဲ့ ကယန်းဒေသမှာ တိုက်ပွဲအကြိမ်ရေ ၁,၄၅၀ ဖြစ်ခဲ့ပြီး တိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က အယောက် ၄,၀၀၀ လောက်သေဆုံးခဲ့သလို အရပ်သား အယောက် ၈၀၀ ကျော်သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013