DVB Logo
Home
နိုင်ငံတကာ
တရုတ်အာကာသစခန်းကို အငယ်ဆုံးယာဉ်မှူးနှင့် ကြွက် ၄ ကောင် စေလွှတ်မည်
DVB
·
October 31, 2025
တရုတ်အာကာသစခန်းကို အငယ်ဆုံးယာဉ်မှူးနှင့် ကြွက် ၄ ကောင် စေလွှတ်မည်
Donate to DVB

တရုတ်ရဲ့ ရှန်ကျိုး-၂၁ (Shenzhou-21) လူလိုက်ပါမယ့် အာကာသခရီးစဉ်မှာ ထျန်ကုန်း အာကာသစခန်းကို ကြွက် ၄ ကောင် ပထမဆုံးအကြိမ် ထည့်သွင်းစေလွှတ်သွားမယ်လို့ စီမံကိန်း ပြောခွင့်ရပုဂ္ဂိုလ်က အတည်ပြုပါတယ်။

အောက်တိုဘာ ၃၁ ရက်မှာ လွှတ်တင်မယ့် ဒီခရီးစဉ်မှာ တရုတ်ရဲ့ အသက်အငယ်ဆုံး အာကာသယာဉ်မှူးအဖြစ် ၁၉၉၃ ခုနှစ်မှာ မွေးဖွားသူတယောက် လိုက်ပါမှာဖြစ်သလို ပါကစ္စတန် အာကာသယာဉ်မှူးတယောက်ကိုလည်း စခန်းမှာ ကာလတိုမစ်ရှင်လုပ်ဖို့ ခေါ်ယူသွားဖို့ အစီအစဉ် ရှိတယ်လို့ ဆိုပါတယ်။

အာကာသ စူးစမ်းလေ့လာရေးနယ်ပယ်မှာ တရုတ်က လျင်လျင်မြန်မြန် တိုးတက်လာခဲ့အပြီးမှာ အမေရိကန်ကလည်း တရုတ်ထက်အရင် လပေါ် လူပြန်လွှတ်ဖို့ ကြိုးစားလာပါတယ်။

လပေါ်မှာ ရှာဖွေတူးဖော်ရေးအတွက်လည်း အမေရိကန်ဦးဆောင်တဲ့ အားတီးမစ် သဘောတူညီချက် (Artemis Accords) နဲ့ တရုတ်-ရုရှား ဦးဆောင်တဲ့ အပြည်ပြည်ဆိုင်ရာ လသုတေသနစခန်း (ILRS) ဆိုပြီးတော့ အပြိုင်ဖြစ်နေပါတယ်။

ကမ္ဘာပတ်လမ်းမှာရှိတဲ့ နိုင်ငံတကာအာကာသစခန်း (ISS) မှာ ပူးပေါင်းဆောင်ရွက်ဖို့ အမေရိကန် တားမြစ်ထားတာကြောင့် တရုတ်ဟာ “ကောင်းကင်နန်းတော်” လို့ အဓိပ္ပာယ်ရတဲ့ ထျန်ကုန်း ကိုယ်ပိုင်အာကာသစခန်းကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013