DVB Logo
Home
နိုင်ငံတကာ
၂၀၂၆ ခုနှစ်တွင် ဒုက္ခသည် ၇,၅၀၀ သာလက်ခံရန် ထရမ့်ပ်သတ်မှတ်၊ တောင်အာဖရိကလူဖြူများ ဦးစားပေးမည်
DVB
·
October 31, 2025
၂၀၂၆ ခုနှစ်တွင် ဒုက္ခသည် ၇,၅၀၀ သာလက်ခံရန် ထရမ့်ပ်သတ်မှတ်၊ တောင်အာဖရိကလူဖြူများ ဦးစားပေးမည်
Donate to DVB

၂၀၂၆ ဘဏ္ဍာနှစ်အတွင်း အမေရိကန်နိုင်ငံဟာ ဒုက္ခသည်အရေအတွက်ကို စံချိန်တင်အနည်းဆုံး ပမာဏအဖြစ် ၇,၅၀၀ သာ လက်ခံသွားဖို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က သတ်မှတ်ထားတယ်လို့ အိမ်ဖြူတော်က အောက်တိုဘာ ၃၀ ရက်မှာ ထုတ်ပြန်ပါတယ်။ 

စက်တင်ဘာ ၃၀ ရက်နေ့ ရက်စွဲနဲ့ မှတ်တမ်းတင်ထားပြီး တလနီးပါးအကြာမှာ ထုတ်ပြန်လိုက်တဲ့ ဒီဆုံးဖြတ်ချက်မှာ၊ ထရမ့်ပ်က တောင်အာဖရိကနိုင်ငံက အာဖရိကားနားလို့ ခေါ်တဲ့ လူဖြူလူနည်းစုကို ဦးစားပေးလက်ခံဖို့ ပြောဆိုထားပါတယ်။ 

လူမည်းလူများစုဖြစ်နေတဲ့ တောင်အာဖရိကနိုင်ငံမှာ လူဖြူတွေဟာ လူမျိုးရေးအရ ခွဲခြားဆက်ဆံခံနေရတယ်လို့ ထရမ့်ပ်က စွပ်စွဲထားပြီး တောင်အာဖရိက အစိုးရကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။ 

ထရမ့်ပ်ဟာ ဇန်နဝါရီလ သမ္မတ ဖြစ်ကတည်းက ဒုက္ခသည်လက်ခံမှုအားလုံးကို ရပ်ဆိုင်းထားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ တောင်အာဖရိက က လူဖြူတွေကို လက်ခံဖို့ ကြိုးပမ်းခဲ့တဲ့အတွက် ဝေဖန်မှုတွေရှိခဲ့ပြီး၊ ဒီအစီအစဉ်အရ စက်တင်ဘာလ အစောပိုင်းအထိ အာဖရိကားနား ၁၃၈ ယောက်ပဲ အမေရိကန်ကို ဝင်ရောက်ခဲ့ပါတယ်။ 

ထရမ့်ပ် သတ်မှတ်လိုက်တဲ့ အရေအတွက်ဟာ သမ္မတဟောင်း ဂျိုးဘိုင်ဒင်လက်ထက် ၂၀၂၄ ဘဏ္ဍာနှစ်မှာ ဒုက္ခသည် ၁ သိန်း လက်ခံခဲ့တာနဲ့ အလွန်အမင်း ကွာခြားနေပါတယ်။ 

ဒီမိုကရက်အမတ်တွေကတော့ ထရမ့်ပ်ရဲ့ ဆုံးဖြတ်ချက်ဟာ ကွန်ဂရက်လွှတ်တော်နဲ့ ကြိုတင်တိုင်ပင်ခြင်းမရှိဘဲ လုပ်ဆောင်တာဖြစ်လို့ တရားမဝင်ပြီး အကျုံးမဝင်ဘူးလို့ ဝေဖန်ပြောဆို လိုက်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013