DVB Logo
Home
အားကစား
ဒီဇင်ဘာလ၌  ခရစ္စတယ်ပဲလေ့အသင်း တပတ်အတွင်း ၄ ပွဲကစားရမည်
DVB
·
October 31, 2025
ဒီဇင်ဘာလ၌  ခရစ္စတယ်ပဲလေ့အသင်း တပတ်အတွင်း ၄ ပွဲကစားရမည်
Donate to DVB

ခရစ္စတယ်ပဲလေ့အသင်းဟာ လာမယ့် ဒီဇင်ဘာလမှာတပတ်အတွင်း ၄ ပွဲကစားရမယ့် ပွဲစဉ်ဇယားနဲ့ ရင်ဆိုင်နေရပါတယ်။

လိဂ်ဖလားကွာတားဖိုင်နယ်အဆင့်ဆီတက်လှမ်းလာတဲ့ ပဲလေ့အသင်းဟာ  ပရီးမီးယားလိဂ်၊ ကွန်းဖရင့်လိဂ်ပွဲစဉ်တွေလည်း ကစားရမှာဖြစ်လို့ တပတ်အတွင်း ၄ ပွဲ ကစားရဖို့ ဖြစ်လာခဲ့တာပါ။

လာမယ့် ဒီဇင်ဘာ ၁၂ရက်မှာ အိုင်ယာလန်ကလပ် ရှဲလ်ဘမ်အသင်းနဲ့ အဝေးကွင်းပွဲကစားပြီးနောက် ၂ ရက်အကြာ၊ ဒီဇင်ဘာ ၁၄ ရက်မှာ မန်စီးတီးနဲ့ အိမ်ကွင်းပွဲ ကစားရမှာပါ။

အဲဒီနောက် ၃ ရက်အကြာ ဒီဇင်ဘာ ၁၇ ရက်မှာ အာဆင်နယ်နဲ့ လိဂ်ဖလားပွဲ ကစားရမှာဖြစ်ပြီး နောက် ၂ ရက်အကြာ၊ ဒီဇင်ဘာ ၁၉ ရက်မှာ ဖင်လန်ကလပ် ကုစ်အသင်းနဲ့ ဆက်လက်ကစားရမှာပါ။

ဒီဇင်ဘာ ၁၂ရက် ကနေ ၁၉ ရက်အထိ ၄ ပွဲကစားရမယ့်အပြင် ဒီဇင်ဘာ ၂၁ ရက်မှာလည်း လိဒ်ယူနိုက်တက်နဲ့ အဝေးကွင်းပွဲရှိနေပြီး ၁၀ ရက်လောက်အတွင်းမှာ ၅ ပွဲအထိ ပွဲကျပ် ကစားသွားရ မှာ ဖြစ်ပါတယ်။ 

Photo: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013