DVB Logo
Home
အားကစား
NWSL ပြိုင်ပွဲဝင်အသင်းနည်းပြက နည်းစနစ်အတွက် ChatGPT ကို အသုံးပြုခဲ့ကြောင်း ဝန်ခံ
DVB
·
October 31, 2025
NWSL ပြိုင်ပွဲဝင်အသင်းနည်းပြက နည်းစနစ်အတွက် ChatGPT ကို အသုံးပြုခဲ့ကြောင်း ဝန်ခံ
Donate to DVB

အမေရိကန် အမျိုးသမီးဘောလုံးပြိုင်ပွဲလိဂ်က အသင်းတသင်းဖြစ်တဲ့ Seattle Reign အသင်းရဲ့ နည်းပြချုပ် လော်ရာဟာဗေးက လက်ရှိရာသီ NWSL ပွဲစဉ်တွေအတွက် နည်းစနစ်ပိုင်းကို ပြင်ဆင်ရာမှာ ChatGPT ကို အသုံးပြုခဲ့တယ်လို့ ဝန်ခံခဲ့ကြောင်း Sky Sport က ဖော်ပြပါတယ်။

Soccerish Podcast မှာ ပြောကြားခဲ့ရာမှာ သူ့အနေနဲ့ အားလပ်ရက်တရက်မှာ Chat GPT ကို ဘောလုံးနည်းစနစ်နဲ့ ပတ်သက်လို့ မေးမြန်းခဲ့ပြီး Chat GPT က အကြံပေးတဲ့အတိုင်း ကစားခဲ့တယ်လို့ သူကဆိုပါတယ်။

သူက NWSL ရဲ့ ပြိုင်ဘက်အသင်းတိုင်းကို ရင်ဆိုင်ဖို့ နည်းစနစ်ကို မေးမြန်းခဲ့တာဖြစ်ပြီး အဲဒီအထဲက ၂ သင်းကို နောက်ခံလူ ၅ ယောက်နဲ့ ကစားဖို့ Chat GPT က အကြံပေးခဲ့တယ်လို့ ဆိုပါတယ်။

ဘောလုံးပွဲသုံးသပ်သူ ကင်မ်မက်ကော်လေရဲ့ အဆိုအရ Seattle Reign အသင်းဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းက အော်လန်ဒို ပရိုက်ဒ်နဲ့ပွဲမှာ နောက်တန်း ၅ ယောက်နဲ့ ပထမဆုံးအကြိမ် ကစားခဲ့ပြီး ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တယ်လို့ သိရပါတယ်။

Seattle Reign အသင်းဟာ ၂၅ ပွဲကစားပြီးချိန်မှာ ၃၈ မှတ်နဲ့ NWSL မှာ စတုတ္ထနေရာမှာ ရပ်တည်နေပြီး နောက်ပွဲစဉ်မှာ အော်လန်ဒို ပရိုက်ဒ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013