DVB Logo
Home
မြန်မာသတင်း
ဗန်းမောက်မြို့ပတ်ဝန်းကျင်ကို စစ်ကောင်စီ ဗုံးအလုံး ၄၀ ကျော်ကြဲချ
DVB
·
October 30, 2025
ဗန်းမောက်မြို့ပတ်ဝန်းကျင်ကို စစ်ကောင်စီ ဗုံးအလုံး ၄၀ ကျော်ကြဲချ
Donate to DVB

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့ကို စစ်ကောင်စီလေတပ်က မနေ့ အောက်တိုဘာ ၂၉ ရက် မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးအလုံး ၄၀ ကျော်ကြဲချတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ ပတ်ဝန်းကျင်ကို ဗုံးကြဲတိုက်ခိုက်တာဖြစ်ပြီး အရပ်သားတွေနဲ့ တော်လှန်ရေးရဲဘော်တွေ ထိခိုက်သေဆုံးတာမရှိပေမဲ့ နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဗန်းမောက်ဒေသခံတယောက်က “မနေ့ မနက်က ဗန်းမောက်မြို့ရဲ့ ပတ်ချာလည်ကို Y 12 နဲ့ ဗုံးတွေ ပတ်ကြဲသွားတယ်။ လူထိခိုက်တော့မရှိဘူး။ ရဲဘော်တွေလည်း ထိခိုက်မှုမရှိဘူးတဲ့။ ရဲဘော်တွေ ရှိနိုင်မယ်ထင်တဲ့ မြို့ပတ်ချာလည်တွေကို အကုန်လိုက်ကြဲတာ” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီဟာ ဗန်းမောက်မြို့တွင်းကိုလည်း လက်နက်ကြီးနဲ့ လှမ်းပစ်တာကြောင့် နေအိမ်တွေ ပျက်စီးတာ၊ ဗန်းမောက်ရဲစခန်းထဲက အချုပ်ထောင်တွေ မီးလောင်တာတွေ ရှိပေမဲ့ စစ်ကောင်စီ လော်ဘီတွေက KIA တွေ မီးရှို့တယ်လို့ ဝါဒဖြန့်ပါတယ်။

ဗန်းမောက်ဒေသခံတယောက်က “နေအိမ်အပျက်အစီး အတိအကျတော့ မသိရဘူး။ ဘေးပတ်ပတ်လည်ဝန်းကျင်ကို ကြဲတာဆိုတော့ အိမ်ပျက်စီးတာတွေတော့ ရှိတယ်။ နောက်ပြီး ဗန်းမောက်မြို့ထဲက နေအိမ်တွေ လက်နက်ကြီးမှန်တာတွေ ရှိတယ်။ မီးလောင်တာတော့ ရဲစခန်း အချုပ်ဆောင်တွေ မီးလောင်တာတွေ ရှိတယ်။ လက်နက်ကြီးကျလို့ လောင်တာ။ မြို့ထဲကို PDF တပ်တွေ ဝင်ခဲ့နိုင်ပေမဲ့ ဟုမ္မလင်းဘက်ကို ရှမ်းနီတပ်တွေ ဆုတ်ထားတော့ ပွဲကမပြီးသေးတာ။ ဗန်းမောက်တောင်ဘက်မှာ ဆက်ဖြစ်နေတာ၊ မြို့အစပ်ပေါ့” လို့ ပြောပါတယ်။

နားယကာနဲ့ ခမိုးကျေးရွာတွေမှာ အထိုင်ချပြီး စစ်ကောင်စီတပ်နဲ့ ရှမ်းနီ SNA တပ်တွေဟာ ၁၂၀ မမ အောက်တိုဘာ ၂၇ ရက်ကလည်း  လက်နက်ကြီးတွေနဲ့ ဗန်းမောက်မြို့တွင်းကို ပစ်ခတ်တာကြောင့် နေအိမ်တွေ ပျက်စီးပြီး ရဲစခန်း အချုပ်ဆောင်တွေ မီးလောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီလေတပ်ဟာ မြစ်သေးချင်းကျေးရွာနဲ့ နားယကာကျေးရွာ လမ်းဆုံကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာ နောက်ဆုံးအပတ်မှာ ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်လိုက်ပြီးနောက် မြို့အနီးက ရွာတွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေလို့ ဒေသခံတွေ ထွက်ပြေးနေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013