DVB Logo
Home
နိုင်ငံတကာ
အမေရိကန်တိုက်ခိုက်မှုကြောင့် မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၁၄ ဦး သေဆုံး
DVB
·
October 29, 2025
အမေရိကန်တိုက်ခိုက်မှုကြောင့် မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၁၄ ဦး သေဆုံး
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်ရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လှုပ်ရှားမှုထဲက နောက်ဆုံး စစ်ဆင်ရေးဖြစ်တဲ့ အရှေ့ပစိဖိတ်ပင်လယ်ပြင်မှာ သံသယဖြစ်စရာ မူးယစ်ဆေးဝါးသင်္ဘောတွေကို အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်သူ ၁၄ ယောက် သေဆုံးခဲ့ပြီး တယောက် အသက်ရှင်ခဲ့ကြောင်း အမေရိကန် ပင်တဂွန်အကြီးအကဲ ပိထ်ဟဂ်ဆသ် က အောက်တိုဘာ ၂၈ ရက်မှာ ပြောပါတယ်။ 

တနင်္လာနေ့က တိုက်ခိုက်မှု ၃ ခုမှာ အသက်ရှင်ကျန်သူ တယောက်တည်းအတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကို မက္ကဆီကိုအာဏာပိုင်တွေက လုပ်ဆောင်ခဲ့တယ်လို့လည်း လူမှုမီဒီယာ ပို့စ်တခုမှာ ဟဂ်ဆသ်က ရေးသားထားပြီး သင်္ဘော ၂ စင်း မပေါက်ကွဲခင် ရေထဲမှာ နီးနီးကပ်ကပ် ရှိနေတာကို ပြသထားတဲ့ စက္ကန့် ၃၀ ကြာ ဗီဒီယိုတခုကို တင်ခဲ့ပါတယ်။ 

ဗီဒီယိုရဲ့ တခြားအပိုင်းတခုမှာလည်း မပေါက်ကွဲခင် ရေထဲမှာ သင်္ဘောတစင်း ရွေ့လျားနေတာကိုလည်း ပြသထားပါတယ်။ ဗီဒီယိုရိုက်ကူးခဲ့တဲ့ နေရာနဲ့ ရက်စွဲတို့ကို ရိုက်တာသတင်းဌာနက လွတ်လွတ်လပ်လပ် အတည်ပြုနိုင်ခြင်း မရှိပါဘူး။ 

ပင်တဂွန်ကတော့ သင်္ဘောတွေမှာ သယ်ဆောင်လာတယ်လို့ စွပ်စွဲထားတဲ့ မူးယစ်ဆေးဝါး ပမာဏနဲ့ သေဆုံးသူတွေရဲ့ အမည်တွေ အပါအဝင် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး သတင်းအချက်အလက် အနည်းငယ်သာ ပေးခဲ့တာ ဖြစ်ပါတယ်။

စက်တင်ဘာလ အစောပိုင်းကတည်းက ကာရစ်ဘီယံနဲ့ ပစိဖိတ်ဒေသမှာ တိုက်ခိုက်မှုတွေ ၁၀ ကြိမ်ထက်မနည်း ရှိခဲ့ပြီးနောက်မှာ အခုတိုက်ခိုက်မှုတွေ ပေါ်ပေါက်လာတာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုနဲ့ တင်းမာမှုရှိနေတဲ့ ဗင်နီဇွဲလားနဲ့ကိုလံဘီယာနိုင်ငံတို့နဲ့ ဆက်ဆံရေးကို ပိုဆိုးသွားစေခဲ့ပါတယ်။

ထရမ့်ပ် ဟာ CIA ကို ဗင်နီဇွဲလားမှာ လျှို့ဝှက်စစ်ဆင်ရေးတွေ လုပ်ဆောင်ဖို့ကိုလည်း ခွင့်ပြုခဲ့ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013