DVB Logo
Home
မြန်မာသတင်း
ခဲသတ္တုကုမ္ပဏီစွန့် နုန်းရေကြောင့် ကံပေါက်ဒေသ စိုက်ခင်များ ပျက်စီး
DVB
·
December 7, 2014
ခဲသတ္တုကုမ္ပဏီစွန့် နုန်းရေကြောင့် ကံပေါက်ဒေသ စိုက်ခင်များ ပျက်စီး
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသမှာ ခဲသတ္တုရှာဖွေနေတဲ့ Delco Maining လုပ်ငန်းခွင်က ကံပေါက်ချောင်းအတွင်း စွန့်ထုတ်လိုက်တဲ့ နုန်းရေတွေကြောင့် ချောင်းရေကို အမှီပြုပြီး ရေပေးနေတဲ့ ဟင်းသီး ဟင်းရွက်စိုက်ခင်းတွေနဲ့ ပန်းစိုက်ခင်းတွေ ထိခိုက်ပျက်စီးမှုတွေရှိတယ်လို့ ဒေသခံခြံလုပ်ငန်းရှင်တွေက ပြောပါတယ်။

kyaw soe news pgotoကံပေါက်ကျေးရွာနေ ခြံလုပ်ငန်းရှင် ဦးမိုးလွင်က “နုန်းတွေ၊ ရေနောက်တွေက မိုင်းလုပ်တဲ့ လုပ်ငန်းခွင်ကနေပြီး စီးဆင်းလာတယ်။ ရေလောင်းတော့ သဘာဝရေမဟုတ်တဲ့အတွက် နုန်းဆီတွေနဲ့ဆိုတော့ အပင်က မကြီးထွားတော့ဘူး” လို့ ပြောပါတယ်။

မိုးတွင်းပိုင်းတွေမှာလည်း ချောင်းအတွင်း မိုးရေနဲ့အတူ နုန်းရေ အများပြား စီးဆင်းလာတဲ့အတွက်  ဥယျာဉ်ခြံမြေအတွင်း မကြာခဏ နုန်းရေနစ်မြုပ်လို့ သီးနှံပင်တွေ ထိခိုက်ပျက်စီးရတယ်လို့ ခြံလုပ်ငန်းရှင်တွေက ပြောပါတယ်။

ခြံလုပ်ငန်းရှင်တွေဟာ ဥယျာဉ်ခြံမြေအတွင်း အပင်တွေရေလောင်းနိုင်ဖို့အတွက် ရေတွင်းတွေ၊ ချောင်းအနီးတဝိုက်မှာ လက်ယက်တွင်းတွေတူးပြီး နုန်းရေတွေကို အကြည်ခံကာ အသုံးပြုနေရပါတယ်။

နုန်းမြေတွေ ရောနှောစီးဆင်းနေတဲ့ ကံပေါက်ချောင်းကို မှီခိုပြီး လုပ်ကိုင်နေတဲ့ ဥယျာဉ်ခြံပိုင်ရှင် ၅၀ နီးပါးရှိပြီး ဧက ၁၀၀ ကျော်ရှိပါတယ်။

ကံပေါက်ဒေသ ဖွံ့ဖြိုးရေးလူငယ်ကွန်ရက်အဖွဲ့ဝင်တွေက လုပ်ငန်းခွင်အတွင်း သွားရောက်လေ့လာပြီး Delco Mining ခဲသတ္တုရှာဖွေရေးကုမ္ပဏီကြောင့် ဒေသတွင်း သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးတာတွေနဲ့ ပက်သက်ပြီး ဖြေရှင်းပေးဖို့  တောင်းဆိုထားပါတယ်။။

ကံပေါက်ဒေသလုံးဆိုင်ရာ ဖွံ့ဖြိုးရေး လူငယ်ကွန်ရက်အဖွဲ့ဝင် ကိုနီကိုက “ဒီကုမ္ပဏီဝင်လာပြီးနောက်ပိုင်းမှာ ဒီဖြစ်စဉ်ကြီးက အမြဲတမ်းဖြစ်နေတယ်။ ဒီကိစ္စတွေကို ဖြေရှင်းမယ်ဆိုပြီး Delco ကုမ္ပဏီကို လေ့လာ ရေးအနေနဲ့ ဝင်သွားခဲ့ပါတယ်။ ဝင်ခဲ့တဲ့အချိန်မှာလည်း သူတို့တွေ နုန်းရေတွေကို လွှတ်ချနေတာတွေ့ရတယ်။ နုန်းကန်အ ကြီးကြီးကိုလည်း တွေ့ခဲ့ပါတယ်။ အဲဒါတွေကို အမြန်ဆုံးဖြေရှင်ပေးဖို့ တောင်းဆိုထားတာ ရှိပါတယ်။ တကယ်လို့ ကျနော်တို့ တောင်းဆိုတာကို မဖြေရှင်းပေးဘူးဆိုရင်တော့ ဖိအားပေးမှုတခုခုတော့ လုပ်ရပါလိမ့်မယ်” လို့ ပြောပါတယ်။

မြန်မာတိုင်းရင်းသားလုပ်ငန်းရှင်တဦး ပိုင်ဆိုင်တဲ့ Delco Mining ကုမ္ပဏီဟာ ကံပေါက်ဒေသမှာ ၂၀၁၀ ပြည့်နှစ်က စတင်လုပ်ကိုင်လာခဲ့တာဖြစ်ပြီး ၁၀ နှစ်စီမံကိန်းအနေနဲ့ မြေဧက ၂၀၀၀ ကျော်မှာ ခဲနဲ့ဆက်စပ်သတ္တုတွေကို ရှာဖွေလုပ်ကိုင်နေတာပါ။

သတ္တုထုတ်လုပ်တဲ့ အလုပ်ချိန်ကိုလည်း တနေ့အလုပ်ချိန် ၃ ဆိုင်းခွဲထားပြီး တချိန် ၈ နာရီ နဲ့ ၂၄ နာရီပတ်လုံး ထုတ်လုပ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013