DVB Logo
Home
မြန်မာသတင်း
အာဆီယံ အရှေ့အာရှ ထိပ်သီးအစည်းအဝေး၌ မြန်မာ့ပဋိပက္ခအရေး ဆွေးနွေး
DVB
·
October 28, 2025
အာဆီယံ အရှေ့အာရှ ထိပ်သီးအစည်းအဝေး၌ မြန်မာ့ပဋိပက္ခအရေး ဆွေးနွေး
Donate to DVB

မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူမှာ အောက်တိုဘာ ၂၇ ရက်က ကျင်းပတဲ့ အာဆီယံ အရှေ့အာရှ ထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံ ပဋိပက္ခနဲ့ နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောထားတွေကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။

စုဝေးရောက်ရှိနေတဲ့ ခေါင်းဆောင်တွေနဲ့ စကားပြောဆိုရာမှာ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က “ကျနော်တို့အနေနဲ့ အကျပ်ကိုင် ဆောင်ရွက်ခြင်းထက် တွေ့ဆုံဆွေးနွေးမှု၊ တဖက်စောင်းနင်းထက် ဟန်ချက်ညီမျှမှု၊ ထိပ်တိုက်ရင်ဆိုင်မှုထက် ပူးပေါင်းဆောင်ရွက်မှုတွေ အတွက် ဆက်လက်ထောက်ခံသွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

“ကျနော်တို့ဟာ နိုင်ငံတွေ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောထားနဲ့ နိုင်ငံတကာဥပဒေအတွက် ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို အတည်ပြုပါတယ်” လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံအပေါ် ထိတွေ့ဆက်ဆံမှုနဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေကို ဆက်လက်ပေးအပ်ဖို့လည်း အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းခဲ့ပြီး အဖွဲ့ဝင်နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်မှုကိုလည်း ထောက်ခံအားပေးခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကိစ္စရပ်တွေမှာလည်း ပါဝင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံဖို့ သူတို့ရဲ့ ကိုယ်ပိုင်အမျိုးသားယန္တရားတွေကတဆင့် ဆောင်ရွက်ဖို့လည်း မလေးရှားဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။

အောက်တိုဘာ ၂၆ ရက်က စတင်ခဲ့တဲ့ ၃ ရက်ကြာ ထိပ်သီးအစည်းအဝေးဟာ အဖွဲ့ဝင် ၁၀ နိုင်ငံက ခေါင်းဆောင်တွေနဲ့ အမေရိကန်ပြည်ထောင်စု၊ တရုတ်၊ ဂျပန်နဲ့ ကိုရီးယား အပါအဝင် ဆွေးနွေးဖက်နိုင်ငံတွေက ခေါင်းဆောင်တွေကို စုစည်းထားပါတယ်။

ဒေသတွင်း မဟာမိတ်အဖွဲ့ဟာ ရွေးကောက်ပွဲ စောင့်ကြည့်သူတွေကို မြန်မာနိုင်ငံကို စေလွှတ်နိုင်ခြေကို ဆွေးနွေးမယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ပြီးခဲ့တဲ့အပတ်မှာ ပြောကြားခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013