DVB Logo
Home
မြန်မာသတင်း
တာ့ခ်ခရိုင်တွင် တောထဲလမ်းပျောက်နေသော တရားမဝင်မြန်မာ ၆၄ ဦး ဖမ်းဆီးခံရ 
DVB
·
October 27, 2025
တာ့ခ်ခရိုင်တွင် တောထဲလမ်းပျောက်နေသော တရားမဝင်မြန်မာ ၆၄ ဦး ဖမ်းဆီးခံရ 
Donate to DVB

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မယ်လမတ်မြို့နယ်ထဲမှာ အောက်တိုဘာ ၂၆ ရက် မနက်က တရားမဝင်မြန်မာနိုင်ငံသား ၆၄  ယောက် တောထဲလမ်းပျောက်နေစဉ် တာဝန်ရှိသူတွေရဲ့ ဖမ်း ဆီးတာခံခဲ့ရတယ်လို့  မန်နေဂျာအွန်လိုင်း ထိုင်းသတင်းအရ သိရပါတယ်။ 

ထိုင်းနယ်ခြားစောင့်တပ် အမှတ် ၃၅၀၁ စစ်ကြောင်းဟာ အောက်တိုဘာ ၂၆ ရက် မနက်က ထိုင်း-မြန်မာနယ်စပ် မယ်လမတ်မြို့နယ် ဘန့်နမ့်တစ်ဘွန်ဝမ်ကျေးရွာအနီး လုံခြုံရေး လှည့်လည်စစ်ဆေးစဉ် တောအုပ်ထဲမှာ သင်္ကာမကင်းဖြစ်စရာ လူတစုကို တွေ့တာကြောင့် အဆိုပါနေရာကို ဝိုင်းထားပြီး အချို့က ဝင်ရောက်စစ်ဆေးခဲ့ရာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား အမျိုးသား ၄၃ ယောက်နဲ့ အမျိုးသမီး ၂၁ ယောက် စုစုပေါင်း  ၆၄ ယောက်ကို ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။ 

သူတို့ဟာ အေးစက်နေတဲ့တောထဲမှာ နားနေကြပြီး မောပန်းနွမ်းနယ်နေကြတယ်။ ဘာသာပြန်နဲ့ မေးမြန်းချက်အရ လမ်းပြက သူတို့ကို လမ်းမှားခေါ်လာပြီး ထွက်ပေါက်ရှာဖို့ ထွက်သွားတာ ပြန်မလာဘူးလို့ ပြောကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။  

မရှေးမနှောင်းမှာဘဲ အဲဒီနီးနားတဝိုက်မှာ ကားမီးရောင်ကို လှမ်းမြင်ရတာကြောင့် တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးတားဆီးရာမှာ မီးခိုး‌ရောင် တိုယိုတာဟိုင်းလပ်စ်ကား တစီး နဲ့ ဆိုင်ကယ်တစီးတို့ကို တွေ့ရှိကြောင်း၊ ကားပေါ်မှာ ယာဉ်မောင်း နိုင်းဖတား၊ နိုင်းအေ့ခေ နဲ့ ဆိုင်ကယ်မောင်းသူ နိုင်းမာနုဖုန်းတို့ကို တွေ့ရှိပြီး  စစ်ဆေးမေးမြန်းချက်အရ သူတို့ဟာ တရားမဝင်အလုပ်သမားတွေကို လာခေါ်မယ့်ဂိုဏ်းက ဖြစ်တယ်လို့ ဝန်ခံခဲ့တယ်လို့ ဆိုပါတယ်။ 

တဦးလျှင် ဘတ် ၃,၅၀၀၀ နှုန်းနဲ့ စမွတ်စခွန်းခရိုင်ကို ပို့ပေးဖို့ဖြစ်တယ်။ လမ်းပျောက်နေသူတွေကို လိုက်ရှာရင်း ခုလိုအဖမ်းခံရတာဖြစ်ကြောင်း ထွက်ဆိုခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ 

တာဝန်ရှိသူတွေက တရားမဝင်မြန်မာ ၆၄ ယောက်၊ လမ်းပြ ၃ ယောက်နဲ့ ကား တစီး၊ ဆိုင်ကယ် တစီးတို့ကို ဖမ်းဆီးပြီး လဝကဥပဒေနဲ့ အရေးယူဖို့ မယ်လမတ်မြို့နယ်ရဲစခန်းဆီ ခေါ်ဆောင်သွားပါတယ်။ 

မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှု၊ လုံခြုံရေးနဲ့ အလုပ်အကိုင် ရှားပါးမှု ပြဿနာတွေကြောင့်  နိုင်ငံသားတွေ နေ့စဉ်လို ပြည်ပနဲ့ အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ခွာနေကြတာမှာ အဆင်မသင့်ရင် ခုလိုအဖမ်းခံရတာ၊ စစ်ဆေးရေးဂိတ်တွေ တိမ်းရှောင်ရင်း ယာဉ်မတော်တဆထိခိုက်မှုတွေနဲ့ပါ ကြုံရတာလည်း ရှိပါတယ်။ 

အောက်တိုဘာ ၂၅ ရက်ကလည်း ကန်ကျနပူရီခရိုင် ဆိုင်းယို့မြို့နယ်ထဲမှာ တရားမဝင်မြန်မာလုပ်သားတွေ တင်လာတဲ့ကားတစီး  နောက်ဘီးပြုတ်ထွက်ပြီး တိမ်းမှောက်ခဲ့တာကြောင့် သေဆုံးသူ ၃ ယောက်၊ ဒဏ်ရာရသူ ၁၅ ယောက်ရှိပြီး ယာဉ်မောင်းအပါအဝင် ၁၀ ယောက်ခန့်  တောထဲ ထွက်ပြေးသွားတယ်။  တာဝန်ရှိသူတွေက လိုက်လံဖမ်းဆီးတာမှာ  ၇ ယောက် ပြန်ဖမ်းမိတယ်လို့ ကန်ကျပူရီဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။ 

Source: MGROnline / AEC Asian Thai News / Jo Cho News

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013