DVB Logo
Home
နိုင်ငံတကာ
အမေရိကန်နှင့် တရုတ် ကုန်သွယ်ရေးကိစ္စ ဆွေးနွေးပြီး သဘောတူညီချက်ရ
DVB
·
October 27, 2025
အမေရိကန်နှင့် တရုတ် ကုန်သွယ်ရေးကိစ္စ ဆွေးနွေးပြီး သဘောတူညီချက်ရ
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့အတွက် ကုန်သွယ်ရေး သဘောတူညီချက် မူဘောင်ကို အောက်တိုဘာ ၂၆ ရက်မှာ အမေရိကန်နဲ့ တရုတ် ထိပ်တန်း စီးပွားရေးအရာရှိတွေက စေ့စေ့စပ်စပ် ဆွေးနွေးခဲ့ပြီး သဘောတူညီချက် ရခဲ့ပါတယ်။

ဒါဟာ အမေရိကန်ရဲ့ မြင့်မားတဲ့ အခွန်ကောက်ခံမှုတွေနဲ့ တရုတ်ရဲ့ ရှားပါးသတ္တုတွေ တင်ပို့ရေး ထိန်းချုပ်မှုတွေကို ရပ်ဆိုင်းစေမှာဖြစ်ပြီး အမေရိကန်က တရုတ်ဆီ ပဲပိစပ်ရောင်းချမှုကို ပြန်စနိုင်မယ်လို့ အမေရိကန် အရာရှိတွေက ပြောခဲ့ပါတယ်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော်မှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးရဲ့ ဆက်စပ်ဆွေးနွေးပွဲတွေမှာ နိုဝင်ဘာ ၁ ရက်ကစပြီး ထရမ့်ပ်ရဲ့ တရုတ်သွင်းကုန်တွေအပေါ် ၁၀၀ ရာခိုင်နှုန်း အခွန်ကောက်ခံမယ့် ခြိမ်းခြောက်မှုကို ဖယ်ရှားပေးခဲ့တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့တ် ဘက်ဆန့်က ပြောပါတယ်။

မူဝါဒကို ပြန်စဉ်းစားနေချိန်မှာ တရုတ်နိုင်ငံဟာ ရှားပါးသတ္တုတွေ ကုန်သွယ်မှုထိန်းချုပ်ရေး တင်ပို့ကုန်လိုင်စင်စနစ် အကောင်အထည်ဖော်မှုကို တနှစ်ကြာ ရွှေ့ဆိုင်းထားဖို့ မျှော်လင့်တယ်လို့ ဘက်ဆန့်က ပြောခဲ့ပါတယ်။

တရုတ်အရာရှိတွေက ဆွေးနွေးပွဲတွေနဲ့ ပတ်သက်လို့ ပိုသတိထားခဲ့ကြပြီး အစည်းအဝေးတွေရဲ့ ရလဒ်နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို မပေးခဲ့ပါဘူး။

ထရမ့်ပ်နဲ့ ရှီတို့ဟာ အောက်တိုဘာ ၃၀ ရက် (ကြာသပတေးနေ့) တောင်ကိုရီးယားနိုင်ငံ၊ ဂျောင်းဂျူးမြို့မှာ ကျင်းပမယ့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး (APEC) ရဲ့ ဆက်စပ် ဆွေးနွေးပွဲမှာ စည်းကမ်းချက်တွေကို လက်မှတ်ထိုးဖို့ တွေ့ဆုံရေး စီစဉ်ထားပါတယ်။

အိမ်ဖြူတော်က အလွန်မျှော်လင့်ထားတဲ့ ထရမ့်-ရှီ ဆွေးနွေးပွဲတွေကို တရားဝင်ကြေညာခဲ့ပေမဲ့ ခေါင်းဆောင် ၂ ယောက် တွေ့ဆုံမလား ဆိုတာကို တရုတ်နိုင်ငံက အတည်မပြုရသေးပါဘူး။

ဘက်ဆန့်က  “ကြာသပတေးနေ့မှာ ဆွေးနွေးမယ့် ခေါင်းဆောင်တွေအတွက် အလွန်အောင်မြင်တဲ့ မူဘောင်တခု ရှိတယ်လို့ ကျနော်ထင်ပါတယ်” လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

သူနဲ့ အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် ဂျမေဆွန် ဂရီယာတို့ဟာ မေလကတည်းက တရုတ်ဒုဝန်ကြီးချုပ် ဟော့လိဖှုန်း၊ ထိပ်တန်း ကုန်သွယ်ရေးညှိနှိုင်းရေးမှူး လီချောင်ဂန်း တို့နဲ့  ပဉ္စမအကြိမ်မြောက် တွေ့ဆုံပြီးနောက် ခုလိုပြောခဲ့တာပါ။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013