DVB Logo
Home
နိုင်ငံတကာ
နျူကလီးယားစွမ်းအင်သုံး ခရုဇ်ဒုံးကျည်အသစ်ကို ရုရှား စမ်းသပ်
DVB
·
October 27, 2025
နျူကလီးယားစွမ်းအင်သုံး ခရုဇ်ဒုံးကျည်အသစ်ကို ရုရှား စမ်းသပ်
Donate to DVB

ရုရှားနိုင်ငံဟာ ဘယ်လိုကာကွယ်ရေးစနစ်ကိုမဆို ရှောင်ရှားနိုင်တယ်လို့ မော်စကိုကပြောတဲ့ နျူကလီးယား စွမ်းအင်သုံး ဘူရီဗက်စ်နစ်ခ် ခရုဇ်ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်ပြီးကြောင်း သမ္မတ ဗလာဒီမာပူတင်က အောက်တိုဘာ ၂၆ ရက်မှာ ပြောကြားလိုက်ပြီး ဒီလက်နက်ကို အသုံးပြုနိုင်အောင် ရှေ့ဆက် လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။

ဒီလိုလက်နက်ကို ဘယ်တော့မှ မရနိုင်ဘူးလို့ ရုရှားကျွမ်းကျင်သူတချို့က ပြောခဲ့ဖူးပေမဲ့ အခုတော့ “အရေးကြီးတဲ့ စမ်းသပ်မှု” ပြီးဆုံးသွားပြီလို့ ပူတင်က ယူကရိန်းစစ်ပွဲကို ကြီးကြပ်နေတဲ့ ဗိုလ်ချုပ်ကြီးတွေနဲ့ ကွပ်ကဲရေးဌာန အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

ရုရှားနိုင်ငံရဲ့ ထိပ်တန်းဗိုလ်ချုပ်ကြီး ဗာလရီ ဂျီရာဆိုင်မော့ဗ်က ပူတင်ကို ပြောကြားရာမှာ အောက်တိုဘာ ၂၁ ရက်က စမ်းသပ်ချိန်မှာ ဒုံးကျည်ဟာ ၁၅ နာရီကြာလောက် လေထဲမှာ ရှိနေခဲ့ပြီး ၁၄,၀၀၀ ကီလိုမီတာ (၈,၇၀၀ မိုင်) အကွာအဝေးကို ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

NATO က SSC-X-9 Skyfall လို့ အမည်ပေးထားတဲ့ ဘူရီဗက်စ်နစ်ခ် လက်နက်ဟာ အကန့်အသတ်မရှိ အကွာအဝေးနဲ့ မခန့်မှန်းနိုင်တဲ့ ပျံသန်းမှုလမ်းကြောင်းတွေနဲ့အတူ လက်ရှိနဲ့ အနာဂတ်ကာလ ဒုံးကျည်ကာကွယ်ရေးတွေမှာ ဒီလက်နက်ကို အနိုင်မယူနိုင်တဲ့အဆင့်မှာ ရှိနေပြီလို့ ရုရှားက ပြောဆိုပါတယ်။

ဒီလက်နက်ဟာ ကမ္ဘာပေါ်က ဘယ်သူ့ဆီမှာမှ မရှိနိုင်တဲ့ ထူးခြားတဲ့ ပစ္စည်းတခုပါလို့လည်း တနင်္ဂနွေနေ့က ကရင်မလင်က ထုတ်ပြန်ခဲ့တဲ့ မှတ်ချက်တွေမှာ ပူတင်က ထောက်ခံ ပြောကြားခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့က ပူတင်ဟာ ရုရှားရဲ့ မဟာဗျူဟာမြောက် နျူကလီးယားတပ်ဖွဲ့တွေရဲ့ မြေပြင်၊ ရေပြင်နဲ့ ဝေဟင် စမ်းသပ်မှုတို့ကို ကြီးကြပ်ခဲ့ပြီး သူတို့ရဲ့ အဆင်သင့်ဖြစ်နေမှု အခြေအနေနဲ့ အမိန့်ပေးအုပ်ချုပ်မှု ဖွဲ့စည်းပုံကို လေ့ကျင့်ခိုင်းခဲ့ပါတယ်။

ပူတင်က“ကျနော်တို့ရဲ့ နျူကလီးယားတားဆီးရေးတပ်ဖွဲ့တွေရဲ့ ခေတ်မီမှုဟာ အမြင့်ဆုံးအဆင့်ကို ရောက်ရှိနေပြီး တခြား နျူကလီးယားအင်အားရှိ နိုင်ငံတွေထက် ပိုမြင့်မားနေပြီ” လို့ ပြောပါတယ်။

ရုရှားနဲ့ အမေရိကန်ပြည်ထောင်စုတို့မှာ ကမ္ဘာလုံးဆိုင်ရာ နျူကလီးယားလက်နက်စာရင်းရဲ့ ၈၇ ရာခိုင်နှုန်းလောက် ရှိပြီး ကမ္ဘာကြီးကို အကြိမ်ပေါင်းများစွာ ဖျက်ဆီးဖို့ လုံလောက်တဲ့ပမာဏလည်း ဖြစ်ပါတယ်။

အမေရိကန် သိပ္ပံပညာရှင်များအဖွဲ့ချုပ် (FAS) ရဲ့ အဆိုအရ ရုရှားမှာ နျူကလီးယားထိပ်ဖူး ၅,၄၅၉ ခုရှိပြီး အမေရိကန်မှာ ၅,၁၇၇ ခု ရှိပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013