DVB Logo
Home
နိုင်ငံတကာ
ကုလသမဂ္ဂ ဆိုက်ဘာရာဇဝတ်မှုစာချုပ်ကို နိုင်ငံပေါင်း ၆၀ ခန့် လက်မှတ်ရေးထိုး
DVB
·
October 26, 2025
ကုလသမဂ္ဂ ဆိုက်ဘာရာဇဝတ်မှုစာချုပ်ကို နိုင်ငံပေါင်း ၆၀ ခန့် လက်မှတ်ရေးထိုး
Donate to DVB

ကမ္ဘာ့စီးပွားရေးကို နှစ်စဉ် ဒေါ်လာထရီလီယံပေါင်းများစွာ ကုန်ကျစေတဲ့ ပြစ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ရည်ရွယ်ထားတဲ့ ကုလသမဂ္ဂ ဆိုက်ဘာရာဇဝတ်မှု စာချုပ်တရပ်ကို  နိုင်ငံပေါင်း ၆၀ လောက်က အောက်တိုဘာ ၂၅ ရက်မှာ  ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်းမှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က “ကုလသမဂ္ဂ ဆိုက်ဘာရာဇဝတ်မှု ကွန်ဗင်းရှင်းဟာ အင်တာနက်ရာဇဝတ်မှုတွေကို ကျွန်ုပ်တို့ရဲ့  ပူးပေါင်းကာကွယ်နိုင်မှုတွေကို များစွာအားကောင်းစေပြီး ဥပဒေအရ ကတိပြုထားတဲ့ စည်းမျဉ်းတရပ်ဖြစ်တယ်”လို့ လက်မှတ်ရေးထိုးပွဲအခမ်းအနားမှာ ပြောပါတယ်။

ကိုယ်ရေးကိုယ်တာ၊ ဂုဏ်သိက္ခာနဲ့ ဘေးကင်းရေးစတဲ့ အခြေခံလူ့အခွင့်အရေးတွေကို အော့ဖ်လိုင်းနဲ့ အွန်လိုင်း ၂ မျိုးလုံးမှာ ကာကွယ်ရမယ်ဆိုတဲ့ ကတိကဝတ်တခုဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

ဒါဟာ အများပူးပေါင်းဆောင်ရွက်မှုအားနဲ့ ဖြေရှင်းနည်းတွေကို ပေးနိုင်ကြောင်း သက်သေခံချက် တခုဖြစ်ပြီး ဘယ်နိုင်ငံ၊ ဘယ်လောက်ပဲ တိုးတက်နေပါစေ ဆိုက်ဘာရာဇဝတ်မှုကို အကာအကွယ်မဲ့ မဖြစ်စေရဆိုတဲ့  ကတိကဝတ်တခု ဖြစ်တယ်လို့လည်း ကုလသမဂ္ဂ အကြီးအကဲက  ပြောပါတယ်။

ဒီသဘောတူညီချက်ဟာ လိမ်လည်ဖြားယောင်းကာ အချက်အလက်ခိုးယူမှုနဲ့ ရာဇဝတ်မှု ကျူးလွန်ဖို့ ransomware ထည့်တာကနေ အွန်လိုင်းမှောင်ခိုလုပ်မှုနဲ့ အမုန်းစကားတွေအထိ ကျယ်ပြန့်လှတဲ့ ပြစ်မှုတွေကို ပစ်မှတ်ထားကြောင်း ကုလသမဂ္ဂက ပြောကြားပါတယ်။

နိုင်ငံပေါင်း ၄၀ က အတည်ပြုပြီးနောက်မှာ အသက်ဝင်လာမယ့် ဒီကွန်ဗင်းရှင်းဟာ ဆိုက်ဘာရာဇဝတ်မှု တိုက်ဖျက်ရေး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို ပိုမိုကောင်းမွန်လာစေဖို့ မျှော်လင့်ရပေမဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်နိုင်မလားဆိုတဲ့ စိုးရိမ်မှုတွေအပေါ် တက်ကြွလှုပ်ရှားသူတွေနဲ့ နည်းပညာကုမ္ပဏီတွေက ဝေဖန်ခဲ့ကြပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013