DVB Logo
Home
မြန်မာသတင်း
Fever 109 အဆိုတော် အဒီနို စင်မြင့်ထက် ဖျော်ဖြေစဉ် လဲကျကွယ်လွန်
DVB
·
October 26, 2025
Fever 109 အဆိုတော် အဒီနို စင်မြင့်ထက် ဖျော်ဖြေစဉ် လဲကျကွယ်လွန်
Donate to DVB

FEVER 109 တီးဝိုင်းကို စတင်တည်ထောင်ခဲ့သူဖြစ်တဲ့ တေးရေးတေးဆို အဒီနို  (ADINO) ခေါ် မင်းသစ်လွှမ်းဟာ  အောက်တိုဘာ ၂၅ ရက်က  သီဆိုဖျော်ဖြေနေစဉ် စင်ပေါ်မှာပဲ နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

မနေ့ညက Idiots အဖွဲ့ရဲ့ နောက်ဆုံးနှုတ်ဆက်ဖျော်ဖြေပွဲမှာ ကွယ်လွန်သွားပြီဖြစ်တဲ့ ရေမွန်ရဲ့ “မငိုနဲ့တော့” သီချင်းနဲ့ နှုတ်ဆက်သီဆိုနေစဉ်မှာ ရုတ်တရက် လဲကျသွားခဲ့တာပါ။ 

အဲဒီနောက် နာရီပိုင်းအကြာမှာပဲ Fever 109 အဖွဲ့က အဒီနို ဆုံးပါးသွားပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

Fever 109 တီးဝိုင်းဟာ မြန်မာ့ Underground Metal လောကရဲ့ ရှေ့ဆောင်လမ်းပြ တီးဝိုင်းတွေထဲက တဖွဲ့ဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်တွေရဲ့ နှောင်းပိုင်းကာလတွေကစလို့ Metalcore ဂီတကို အခြေပြု ရပ်တည်ခဲ့တဲ့ တီးဝိုင်းဖြစ်ပါတယ်။ အဒီနိုဟာ ကွယ်လွန်ချိန်မှာ အသက် ၃၇ နှစ် ရှိပြီ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013