DVB Logo
Home
မြန်မာသတင်း
ငွေသိန်းထောင်ချီ လာဘ်စားမှုဖြင့် ရပခတိုင်းမှူး ဗိုလ်မှူးချုပ်နိုင်ဇော်ဦးကို ဖမ်းဆီးစစ်ဆေး
DVB
·
October 25, 2025
ငွေသိန်းထောင်ချီ လာဘ်စားမှုဖြင့် ရပခတိုင်းမှူး ဗိုလ်မှူးချုပ်နိုင်ဇော်ဦးကို ဖမ်းဆီးစစ်ဆေး
Donate to DVB

ရပခတိုင်းမှူးဖြစ်တာ ရက် ၁၀၀ မပြည့်သေးတဲ့ ဗိုလ်မှူးချုပ်နိုင်ဇော်ဦးကို ငွေကျပ်သိန်းပေါင်း ထောင်ချီ လာဘ်စားမှုနဲ့ အောက်တိုဘာ ၂၀ ရက်မှာ စစ်ကောင်စီက ဖမ်းဆီးပြီး အဂတိပုဒ်မနဲ့ စစ်ဆေးနေတယ်လို့ နေပြည်တော်သတင်းရင်းမြစ်ဆီက သိရပါတယ်။

တရားမဝင်ကုန်စည်တွေကို ငွေကြေးသိန်းပေါင်းထောင်ချီရယူကာ လွှတ်ပေးခဲ့တဲ့ကိစ္စနဲ့ တိုင်ကြားခံရပြီးနောက် ကထစမှုး ၂ ဒုဗိုလ်ချုပ်ကြီး ဇော်မင်းလတ်နဲ့အဖွဲ့က ဖမ်းဆီးခဲ့ပြီး အောက်တိုဘာ ၂၂ ရက်မှာ အဂတိပုဒ်မနဲ့ အမှုဖွင့်စစ်ဆေးနေတာလို့ နေပြည်တော် သတင်းရင်းမြစ်က DVB ကို ပြောပါတယ်။

“တရားမဝင်ကုန်စည်ဆိုတဲ့ ခေါင်းစဥ်အောက်မှာ အများကြီးပါတယ်။ ငွေမရလို့ ဖမ်းတဲ့သူတွေထဲမှာ အကြီးအကဲတွေနဲ့ ပိုင်တဲ့သူတွေပါလို့ အတိုင်ခံရတာ။ ဖမ်းတာကလည်း ကစထမှူးကိုယ်တိုင် ဆင်းဖမ်းတာ။ အခု အဂတိပုဒ်မနဲ့စစ်နေတယ်။ သူ့ နေရာကို တပ်မ ၈၈ က တပ်မမှူးကို ခန့်လိုက်တယ်။” 

ပြီးခဲ့တဲ့ သြဂုတ် ၂၁ ရက်က ဗိုလ်ချုပ်ဇော်မင်းလတ်ကို ဒုဗိုလ်ချုပ်ကြီးအဆင့်တိုးပေးပြီးနောက် ဗထူးတပ်မြို့ (ကြည်း) တိုက်ခိုက်ရေးသင်တန်းကျောင်းက ကျောင်းအုပ်ကြီးဖြစ်တဲ့ ဗိုလ်မှူးချုပ်နိုင်ဇော်ဦးကို ရပခတိုင်းမှူးအဖြစ် ခန့်ခဲ့တာပါ။

ဗိုလ်ချုပ်ကြီးရဲဝင်းဦး မှတ်ချက်နဲ့ ဗိုလ်မှူးချုပ် နိုင်ဇော်ဦးမှာ တောင်ကြီးအခြေစိုက်အရှေပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဖြစ်လာပြီးနောက် ငွေကြေးရယူကာ တရားမဝင်ကုန်စည်တွေကို လွှတ်ပေးတဲ့သတင်းတွေက နေပြည်တော်အထိပေါက်ခဲ့တယ်လို့ ရပခနဲ့ နီးစပ်သတင်းရင်းမြစ်က ပြောပါတယ်။

“တိုင်းမှူးဖြစ်တာတောင် မကြာသေးဘူး အသံတွေအရမ်းထွက်နေလို့ ဒုချုပ်က သတိပေးသေးတယ်။ အလုပ်သင်ဗိုလ်ကနေ စရဖချုပ်မှတ်ချက်နဲ့ တိုင်းမှူးဖြစ်လာတာဆိုတော့ ထီမထင်သဘောနဲ့ ဆက်လုပ်တာ။ သူရဲ့ PSO မကောင်းတာလည်းပါတယ်။ အခုတော့ တိုင်းမှူးကလည်းပြုတ် ထောင်လည်းကျမယ့် အခြေအနေအထိရောက်သွားတယ်။”

လတ်တလောမှာ တပ်မ ၈၈ တပ်မမှူး ဗိုလ်မှူးချုပ်ကျော်နိုင်ဦးကို အရှေပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး အဖြစ် အောက်တိုဘာလ ၂၃ ရက်မှာ စစ်ခေါင်းဆောင်က ခန့်လိုက်တယ်လို့ ရပခ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း အရှေပိုင်းတိုင်းစစ်ဌာနချုပ်မှာ တိုင်းမှူး  ၅ ယောက်အထိ ပြောင်းလဲခဲ့ပြီး အဆိုပါတိုင်းမှူးတွေကတော့  ဗိုလ်ချုပ် မျိုးမင်းထွန်း၊ ဗိုလ်ချုပ်လှမိုး၊ ဗိုလ်ချုပ်ဇော်မင်းလတ်၊ ဗိုလ်မှူးချုပ် နိုင်ဇော်ဦးနဲ့ ဗိုလ်မှူးချုပ် ကျော်နိုင်ဦးတို့ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013