DVB Logo
Home
နိုင်ငံတကာ
လုံခြုံရေးတပ်များ စေလွှတ်မှုအပေါ် ဆန်ဖရန်စစ္စကိုပြည်သူများ ဆန္ဒပြ
DVB
·
October 24, 2025
လုံခြုံရေးတပ်များ စေလွှတ်မှုအပေါ် ဆန်ဖရန်စစ္စကိုပြည်သူများ ဆန္ဒပြ
Donate to DVB

အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့လယ်မှာ ပြည်သူရာပေါင်းများစွာဟာ အောက်တိုဘာ ၂၃ရက် ညနေပိုင်းမှာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။

ဒီမိုကရက်တစ်ပါတီဝင်တွေဦးဆောင်တဲ့ မြို့တွေဆီ ထရမ့်ပ်အစိုးရက ဖက်ဒရယ်အဆင့် နိုင်ငံတော် လုံခြုံရေးတပ်တွေ လွှတ်တာကို သတိဆက်ရှိဖို့နဲ့ စည်းလုံးညီညွတ်ကြဖို့ တိုက်တွန်းခဲ့ကြပါတယ်။

ထရမ့်ပ်က  စီစဉ်ထားတဲ့ ဖက်ဒရယ်တပ်အင်အားတိုးမြှင့်မှုကို ဖျက်သိမ်းဖို့ ထရမ့်ပ်နဲ့ ဆန်ဖရန်စစ္စကို မြို့တော်ဝန် ဒန်နီရယ်လူရီတို့က သဘောတူခဲ့တယ်လို့ ရုတ်တရက်ကြေညာခဲ့ပြီးတဲ့နောက်မှာ စုဝေးပွဲ ပေါ်ပေါက်ခဲ့တာပါ။ 

ထရမ့်ပ်ဟာ နည်းပညာခေါင်းဆောင်တွေရဲ့ ဖုန်းခေါ်ဆိုမှုတွေနဲ့ လူရီရဲ့ ကိုယ်ရေးကိုယ်တာ တောင်းဆိုမှုကို ကိုးကားပြီး ဖျက်သိမ်းမှုကို လူမှုမီဒီယာပေါ်မှာ အတည်ပြုခဲ့ပါတယ်။

ဆန္ဒပြသူတွေက ကြွေးကြော်သံတွေကို ဟစ်ကြွေးခဲ့ကြပြီး “ကျနော်တို့ရဲ့ ရပ်ရွာတွေကနေ တပ်ဖွဲ့တွေ ထွက်သွားပါ” ၊ “ကျနော်တို့ရဲ့ အိမ်နီးချင်းတွေကို ကာကွယ်ပါ” လို့ အင်္ဂလိပ်၊ စပိန်ဘာသာတို့နဲ့ ရေးထားတဲ့  ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ထားခဲ့ကြပါတယ်။

အောက်ခြေအဖွဲ့အစည်းတွေက ဟောပြောသူတွေကလည်း အမေရိကန်မြို့တွေကို “စစ်ရေးအရ ဆောင်ရွက်ခြင်း” လို့ ခေါ်ဆိုတဲ့ လုပ်ရပ်ကို ရှုတ်ချခဲ့ကြပါတယ်။

တရုတ်တိုးတက်ရေးလှုပ်ရှားမှုအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ရှောရှန်လျူက “ထရမ့်ပ်ရဲ့ ကြေညာချက်ဟာ ကျနော်တို့ရဲ့ အလုပ်တွေ အောင်မြင်ပြီးမြောက်ပြီလို့ မဆိုလိုပါဘူး။ ကျနော်တို့ သတိရှိနေကြပါတယ်”လို့ လူအုပ်ကို ပြောပါတယ်။

ထရမ့်ပ်ဟာ အမေရိကန်နိုင်ငံထဲက တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ စံချိန်တင် အရေအတွက်ကို နှင်ထုတ်ဖို့ ရည်ရွယ်ထားပြီး သူတို့ကို အမေရိကန် လူမှုအသိုက်အဝန်းအတွက် ရာဇဝတ်သားတွေ၊ ရေဆိုးတွေအဖြစ် ပုံဖော်ထားပါတယ်။ 

အမေရိကန်ရဲ့ အဓိကမြို့ကြီးတွေက ဒီမိုကရက်တွေက ဒီနှိမ်နင်းမှုကို ဝေဖန်ခဲ့ကြပြီး ဒီနှိမ်နင်းမှုဟာ ဥပဒေကို လိုက်နာတဲ့ ဒေသခံတွေကို အကြမ်းဖက်တိုက်ခိုက်တာတွေ၊ မိသားစုတွေကို ခွဲထုတ်တာ တွေ လုပ်ခဲ့ပြီး စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်စေခဲ့တယ်လို့ ပြောခဲ့ကြပါတယ်။

Source:Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013