DVB Logo
Home
နိုင်ငံတကာ
လေကြောင်းရန်ကာကွယ်ရန် ရုရှားဒုံးကျည် ၅,၀၀၀ ရှိဟု ဗင်နီဇွဲလားသမ္မတ ပြော
DVB
·
October 23, 2025
လေကြောင်းရန်ကာကွယ်ရန် ရုရှားဒုံးကျည် ၅,၀၀၀ ရှိဟု ဗင်နီဇွဲလားသမ္မတ ပြော
Donate to DVB

ဗင်နီဇွဲလားနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ကာကွယ်ရာမှာ လေကြောင်းရန် ကာကွယ်ရေး စနစ်ရဲ့  အခန်းကဏ္ဍကို အလေးပေးပြီး နိုင်ငံတဝန်းက မဟာဗျူဟာမြောက် နေရာတွေမှာ Igla-S လေကြောင်းရန် ကာကွယ်ရေးစနစ် ၅,၀၀၀ ကျော် ဖြန့်ချထားတယ်လို့ ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ်မာဒူရိုက အောက်တိုဘာ ၂၂ ရက်မှာ ပြော ပါတယ်။

ရုပ်မြင်သံကြားအစီအစဉ် တခုအတွင်း အစိုးရအရာရှိတွေနဲ့အတူ ရှိနေတဲ့ မာဒူရိုက Igla-S စနစ်တွေရဲ့ အရေးပါမှုကို မီးမောင်းထိုးပြပြီး ဗင်နီဇွဲလားဟာ ပြည်သူတွေရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ အေးချမ်းသာယာရေးအတွက် အဓိကလေကြောင်းရန် ကာကွယ်ရေးနေရာတွေမှာ Igla-S 5,000 ထက်မနည်း ချထားခဲ့တယ်လို့ ပြောပါတယ်။

ကာရစ်ဘီယံနဲ့ ပစိဖိတ်ဒေသမှာ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသူတွေကို ပစ်မှတ်ထားပြီး အမေရိကန်က စစ်ရေးစစ်ဆင်ရေးတွေကို အရှိန်မြှင့်လုပ်ဆောင်နေချိန်မှာ မာဒူရိုက ခုလို မှတ်ချက်ပေးလိုက်တာပါ။

အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဇက်က မူးယစ်ဆေးဝါး နှိမ်နင်းရေး စစ်ဆင်ရေးမှာ အရှေ့ဘက် ပစိဖိတ်သမုဒ္ဒရာက သင်္ဘော ၂ စင်းကို တိုက်ခိုက်ရာမှာ အမေရိကန် စစ်တပ်က မူးယစ်ဆေးဝါး မှောင်ခိုကူးသူ  ၅ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

ဗင်နီဇွဲလား ၊ ကိုလံဘီယာတို့နဲ့ အမေရိကန်တို့ကြား တင်းမာမှုတွေ တိုးလာစေတဲ့ လှုပ်ရှားမှု တရပ်ကတော့ ကာရစ်ဘီယံမှာ ပစ်ခတ်နှိမ်နင်းမှု အတွင်း လူ ၇ ယောက် ထက်မနည်း သေဆုံးခဲ့အပြီး ခုပစ်ခတ်မှု ထပ်ပေါ်ပေါက်ခဲ့တာပါ။ 

ကာရစ်ဘီယံမှာ တိုက်ခိုက်မှုတွေကြောင့် လူ ၃၂  ယောက်ထက်မနည်း သေဆုံးခဲ့ရပေမဲ့ ထရမ့်ပ်အစိုးရက ပစ်မှတ်ထားတဲ့ သင်္ဘောတွေက သယ်လာတဲ့ မူးယစ်ဆေးဝါး ဘယ်လောက်ရှိတာလဲ ဒါမှမဟုတ် မူးယစ်ဆေးဝါး သယ်လာတာ သေချာတဲ့ သက်သေအထောက်အထား ရှိသလားဆိုတဲ့ အသေးစိတ်အချက် အလက်ကိုတော့ နည်းနည်းသာ ပေးထားပါတယ်။

ဗင်နီဇွဲလားမြေပေါ်က ပစ်မှတ်တွေကို တိုက်ခိုက်မယ့် အစီအစဉ်ကိုလည်း ထရမ့်ပ်က ထပ်ပြောခဲ့ပါတယ်။  ဒီအဆင့်ကို အကောင်အထည်ဖော်ရင် သူ့ရဲ့အစိုးရက အမေရိကန်အောက်လွှတ်တော်ကို အကြောင်းကြားမယ်လို့လည်း ဆိုပါတယ်။

မာဒူရိုကတော့ မူးယစ်ဆေးဝါး ရောင်းဝယ်မှုမှာ ပါဝင် ပတ်သက်မှု မရှိဘူးလို့ ငြင်းဆိုထားပြီး အမေရိကန်ရဲ့ တိုက်ခိုက်မှုကို ဗင်နီဇွဲလား အချုပ်အခြာအာဏာကို ချိုးဖောက်မှုအဖြစ် ရှုတ်ချခဲ့ ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013