DVB Logo
Home
မြန်မာသတင်း
ဆည်တည်းရွာဟောင်း၌ စစ်တပ်၏ ဖမ်းဆီးသတ်ဖြတ်ခံရသည့် ဒေသခံအချို့ မီးသင်္ဂြိုဟ်ခွင့်မရသေး 
DVB
·
October 23, 2025
ဆည်တည်းရွာဟောင်း၌ စစ်တပ်၏ ဖမ်းဆီးသတ်ဖြတ်ခံရသည့် ဒေသခံအချို့ မီးသင်္ဂြိုဟ်ခွင့်မရသေး 
Donate to DVB

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ တရုတ်ဝမ်ပေါင် ကြေးနီစီမံကိန်းအနီးက ဆည်တည်းရွာဟောင်းကို စစ်တပ်က ဝင်ရောက်စစ်ကြောင်းထိုးကာ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်သွားပြီး အောက်တိုဘာ ၂၃ ရက်အထိ အလောင်း ကောက်ယူလို့ မရသေးကြောင်း ဒေသခံတွေဆီက သိရပါတယ်။

စစ်တပ်က အောက်တိုဘာ ၁၈ ရက်မှာ ဆားလင်းကြီးမြို့နယ်ထဲက ညောင်ပင်ကြီးရွာ၊ ရွှေလှေရွာ၊ ဆည်တည်းရွာ၊ ပလောင်ရွာ၊ တုံရွာ၊ တောကျောင်းရွာတွေကို စစ်ကြောင်း ၂ ကြောင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး အောက်တိုဘာ ၁၉ ရက်မှာ ဒေသခံတွေကို ဖမ်းဆီး သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။

ဆားလင်းကြီးအင်အားစု သပိတ်စစ်ကြောင်းက ကိုရာဇာက “ကိုအောင်ခိုင်နဲ့ ကိုဝင်းတင့်တို့ရဲ့ အလောင်းပဲ ပြန်ရတယ်။ သူတို့ကိုတော့ အလောင်းကောက်ခွင့်သာတဲ့နေရာမှာမို့ ရခဲ့ပြီး မီးသင်္ဂြိုဟ်လို့ ရပေမဲ့ ကျန်တဲ့လူတွေကတော့ ဘယ်သူဘယ်ဝါလဲ မသိသေးဘူး။ ရွာသစ် အနောက်ဘက်မှာတော့ အလောင်းတွေက တန်းစီနေတာပဲ” လို့ ပြောပါတယ်။

စစ်တပ်က ဖမ်းဆီးသတ်ဖြတ်လို့ သေတဲ့သူ အတော်လေးများတယ်၊ ကင်းပုန်းတွေချပြီး စစ်တပ်က စောင့်ကြည့်နေတုန်းပဲဆိုတော့ ဘယ်သူဘယ်ဝါ သေဆုံးတာ၊ ဖမ်းဆီးခံရတာလဲ ဆိုတာတော့ အတည်ပြုလို့ မရသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီက ဆားလင်းကြီးမြို့နယ်ထဲက ကျေးရွာတွေကို အောက်တိုဘာ ၁၈ ရက်ကတည်းက စစ်ကြောင်း ၂ ကြောင်းဖြန့်ကာ စစ်ကြောင်းထိုး ဝင်ရောက်လာတာဖြစ်ပြီး မုံရွာမြို့ နမခ ကနေလည်း စက်တပ်လေထီးတွေနဲ့ ကျေးရွာတွေကို ဗုံးကြဲတိုက်ခဲ့တာတွေရှိခဲ့ပါတယ်။ 

အောက်တိုဘာ ၂၀ ရက် ညကလည်း ဆားလင်းကြီးမြို့နယ်၊ ထန်းပုကျေးရွာကို စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ဆားလင်းကြီးဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013