DVB Logo
Home
နိုင်ငံတကာ
အမေရိကန်က ရုရှားရေနံကုမ္ပဏီများကို အရေးယူ၊ ရုရှားက နျူကလီးယား စစ်ရေးလေ့ကျင့်
DVB
·
October 23, 2025
အမေရိကန်က ရုရှားရေနံကုမ္ပဏီများကို အရေးယူ၊ ရုရှားက နျူကလီးယား စစ်ရေးလေ့ကျင့်
Donate to DVB

ယူကရိန်းနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ရယူရေး ဖိအားပေးဖို့ ကြိုးစားမှုတရပ်အနေနဲ့ ရုရှားအကြီးဆုံး ရေနံကုမ္ပဏီကြီးနှစ်ခုဖြစ်တဲ့ Rosneft နဲ့ Lukoil အပေါ် အမေရိကန်က အရေးယူပိတ်ဆို့မှုအသစ်တွေ ချမှတ်လိုက်ပါတယ်။

တချိန်တည်းမှာပဲ ရုရှားကလည်း နျူကလီးယားလက်နက်တွေ ပါဝင်တဲ့ အကြီးစား စစ်ရေးလေ့ကျင့်မှုတရပ် ပြုလုပ်ခဲ့ပါတယ်။

အဓိပ္ပာယ်မရှိတဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ ပူတင်ရဲ့ ငြင်းပယ်မှုကြောင့် အရေးယူပိတ်ဆို့မှုသစ်တွေ ချမှတ်ဖို့ လိုအပ်လာခဲ့ပြီး မော်စကို စစ်ယန္တရားကို ပံ့ပိုးပေးနေတဲ့ ရေနံကုမ္ပဏီတွေကို ပစ်မှတ်ထားခဲ့တာလို့ ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်က ပြောပါတယ်။

ဆွေးနွေးပွဲ ပျက်သွားတဲ့အချိန်မှာ ရုရှားစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဗယ်လာရီ ဂျီရာဆီမော့ဗ်က နျူကလီးယား စစ်ရေးလေ့ကျင့်မှုအကြောင်း ပူတင်ကို သတင်းပို့နေတဲ့ ဗီဒီယိုဖိုင်တခု ရုရှားဘက်က ထုတ်ပြန်ပေးခဲ့ပါတယ်။

အမေရိကန်အထိရောက်အောင် ပစ်နိုင်တဲ့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တွေ အပါအဝင် ဒုံးကျည်အမြောက်အမြားကို မြေပြင်လောင်ချာတွေ၊ ရေငုပ်သင်္ဘောတွေ၊ လေယာဉ်တွေကနေ ပစ်လွှတ် လေ့ကျင့်ခဲ့တယ်လို့ ရုရှားဘက်က ထုတ်ပြန်ပါတယ်။

Tu-22M3 မဟာဗျူဟာ ဗုံးကြဲလေယာဉ်တွေဟာလည်း ဘောလ်တစ်ပင်လယ်ပြင်မှာ ပျံသန်းခဲ့ပြီး နေရာအများအပြားမှာ နိုင်ငံခြားတိုက်လေယာဉ်တွေက လိုက်လံစောင့်ကြည့်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

NATO အဖွဲ့ဝင်နိုင်ငံတွေက တိုက်လေယာဉ်တွေလို့ ယူဆရကြောင်း သတင်းတွေက ဖော်ပြပါတယ်။

ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ညှိနှိုင်းမှု မပြေမလည်ဖြစ်နေချိန်မှာ ပူတင်က ရုရှားရဲ့ နျူကလီးယား စွမ်းရည်ကို ထုတ်ပြခဲ့တာ ဖြစ်ပါတယ်။

NATO အဖွဲ့ကလည်း ဒီလထဲမှာ နျူကလီးယား အရံအတား စစ်ရေးလေ့ကျင့်မှုတရပ် လုပ်ဆောင်ခဲ့ပါသေးတယ်။

ဥရောပသမဂ္ဂဝင် နိုင်ငံတွေကလည်း ရုရှား သဘာဓာတ်ငွေ့ရည် တင်သွင်းမှုအပေါ် ပိတ်ပင်တာ အပါအဝင် ရုရှားအပေါ် ၁၉ ခုမြောက် အရေးယူပိတ်ဆို့မှုကို အတည်ပြုခဲ့ပါတယ်။

Photo:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013