DVB Logo
Home
နိုင်ငံတကာ
သဘာဝဘေးအန္တရာယ် သတိပေးစနစ်များ အကောင်အထည်ဖော်ရန် ကုလအကြီးအကဲ တိုက်တွန်း
DVB
·
October 23, 2025
သဘာဝဘေးအန္တရာယ် သတိပေးစနစ်များ အကောင်အထည်ဖော်ရန် ကုလအကြီးအကဲ တိုက်တွန်း
Donate to DVB

ကမ္ဘာကြီးပူနွေးလာမှုရဲ့ ဆိုးကျိုးတွေကနေ ဘယ်နိုင်ငံမှ ဘေးကင်းလုံခြုံမှာ မဟုတ်ဘဲ ပြင်းထန်တဲ့ ရာသီဥတုဒဏ်ကနေ လူတွေကို ကာကွယ်ဖို့ သဘာဝဘေးအန္တရာယ် သတိပေးစနစ်တွေကို အကောင်အထည်ဖော်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က အောက်တိုဘာ ၂၂ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။

ဂူတာရက်စ်ဟာ အေဂျင်စီရဲ့ ၇၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဂျီနီဗာမြို့မှာရှိတဲ့ ကုလသမဂ္ဂ ကမ္ဘာ့မိုးလေဝသအဖွဲ့ညီလာခံမှာ ခုလို မှတ်ချက်ပေး ပြောဆိုခဲ့တာပါ။

ကြိုတင်သတိပေးစနစ်အဖြစ် ကမ္ဘာလုံးဆိုင်ရာ စောင့်ကြည့်ရေး စနစ်တခု လုပ်ဆောင်နိုင်စေဖို့ ရန်ပုံငွေကောက်ခံရေး နိုင်ငံအားလုံးကို တိုက်တွန်းခဲ့ပါတယ်။

ဒီစနစ်တွေဟာ လယ်သမားတွေကို သူတို့ရဲ့ ကောက်ပဲသီးနှံတွေနဲ့ တိရစ္ဆာန်တွေကို ကာကွယ်ဖို့၊ မိသားစုတွေကို ဘေးကင်းကင်း ရွှေ့ပြောင်းနိုင်စေဖို့နဲ့ လူမှုအသိုင်းအဝိုင်းတခုလုံး ပျက်စီးခြင်းကနေ ကာကွယ်ဖို့ စွမ်းအားပေးနိုင်တယ်လို့ ဂူတာရက်စ်က ပြောပါတယ်။

အန္တရာယ်ရှိတဲ့ဖြစ်ရပ်တခု မတိုင်မီ ၂၄ နာရီအတွင်း သတိပေးချက်ရယူခြင်းဟာ ပျက်စီးမှုကို ၃၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

ဂူတာရက်စ်ဟာ အန္တရာယ်ပေါင်းများစွာကို ကြိုတင်သတိပေးနိုင်တဲ့ စနစ်တွေကို နိုင်ငံအားလုံး အတွက် ၂၀၂၂ ခုနှစ်မှာ စမိတ်ဆက်ခဲ့ပြီး ၂၀၂၇ ခုနှစ်မှာ အကောင်အထည်ဖော်နိုင်စေဖို့ ကြိုးစားခဲ့တာပါ။

ခုတော့ နိုင်ငံတွေရဲ့  ၆၀ ရာခိုင်နှုန်းကျော်မှာ မိတ်ဆက်ခဲ့ပြီးပါပြီ။ လွန်ခဲ့တဲ့ နှစ် ၅၀ အတွင်း ရေနဲ့ ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်တွေကြောင့် လူပေါင်း ၂ သန်းကျော် သေဆုံးခဲ့ပြီး သူတို့ထဲက ၉၀ ရာခိုင်နှုန်းဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဖြစ်ခဲ့တယ်လို့ WMO က အောက်တိုဘာ ၂၀ ရက်မှာ ပြောခဲ့ပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ တိုးတက်မှုနှေးကွေးပြီး ကြွေးမြီဝန်ထုပ်ဝန်ပိုးတွေကို ရှင်းနေရလို့ သတိပေး စနစ်တွေအတွက် ရင်းနှီးမြှုပ်နှံရာမှာ အဟန့်အတားဖြစ်နေတယ်လို့ ဂူတာရက်စ်က ပြောပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ၂၀၃၅ ခုနှစ်မှာ ရာသီဥတု ဘဏ္ဍာရေးဆိုင်ရာ နှစ်စဉ် ဒေါ်လာ ၁ ဒသမ ၃ ထရီလီယံ ပေးမယ့် အစီအစဉ်ကို လာမယ့်လ ဘရာဇီးနိုင်ငံမှာ ကျင်းပမယ့် ကုလသမဂ္ဂ ရာသီဥတု ညီလာခံမှာ သဘောတူညီဖို့ နိုင်ငံတွေကို သူက တိုက်တွန်းခဲ့ပါတယ်။

လာမယ့်ဆယ်စုနှစ်အတွင်း ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချဖို့နဲ့ ကမ္ဘာ့အပူချိန် ၁ ဒသမ ၅  ဒီဂရီစင်တီဂရိတ်အထိ ကန့်သတ်ဖို့ နိုင်ငံတွင်း ရာသီဥတုဆိုင်ရာ အရေးယူ ဆောင်ရွက်မှု အစီအစဉ်သစ်တွေကို ချမှတ်ဖို့ကိုလည်း သူက နိုင်ငံတွေကို တောင်းဆိုထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013